Unicode
ယဲဖန်သည် ကျန်းရွမ်နောက်မှ ကျန့်မိသားစုဆီသို့ လိုက်သွားခဲ့၏။ ဟွမ်ရှစ်ကျုံး၏ကျရှုံးမှုကြောင့် ကျန့်စူယာအဖေက ဒီတစ်ကြိမ်တွင် ကျန်းရွမ်အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့လေသည်။
ကျန်းရွမ်သည် ကျန့်စူယာအခန်းထဲသို့ ယဲဖန်ကိုပါ ခေါ်သွားဖို့ တောင်းဆိုခဲ့ကာ တစ်ဖက်က ချက်ချင်း သဘောတူခဲ့ပေသည်။
ကျန့်စူယာက အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး ဖျော့တော့နေလေ၏။ နေမကောင်းနေသော်လည်း ကျန့်စူယာသည် လှပနေဆဲပင်။
"ဒီအမျိုးသမီးက အခု အရမ်းရုပ်ဆိုးတာပဲ" ယဲဖန်သည် အားရကျေနပ်မှုများဖြင့် ဆိုလာခဲ့သည်။
ကျန်းရွမ် "....." ရုပ်ဆိုးတယ်လား။ သူမက သိသိသာသာကို လှပနေတုန်းပဲကွ။
"သူမသာ အခုလို ပုံစံအတိုင်း ဆက်ရှိနေရင် ငါနဲ့ ယွင်ရှီကို ပြိုင်လုဖို့ သူမမှာ မျက်နှာ မရှိလောက်တော့ဘူး ထင်တယ်" ယဲဖန်သည် ပျော်ရွှင်စွာ ဆိုလာခဲ့၏။
ကျန်းရွမ်သည် အသက်ပြင်းပြင်းရှုလိုက်ပြီး "သခင်လေးယဲ မင်းနဲ့ သခင်လေးယွင်ရှီတို့က ပြီးပြည့်စုံပြီးလိုက်ဖက်မှုရှိတဲ့ စုံတွဲတွေပါ။ ကျန့်မိန်းကလေးက မင်းကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။ မင်းစိတ်ချလက်ချ အနားယူလို့ရနိုင်ပြီ"
"ငါလဲ အဲ့ဒီလို ထင်တယ်။ ငါ့ဆီကနေ သူ့ကို ခိုးယူဖို့ ကြိုးစားတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ပြန်ပြင်ပေးလိုက်မယ်" ယဲဖန်က ဂုဏ်ယူစွာ ဆိုလာခဲ့သည်။
ကျန်းရွမ် "....."
ထို့နောက် ယဲဖန်သည် သူ့မျက်လုံးများကို ပိတ်လိုက်ပြီး လှုပ်ရှားမှုများအားလုံး ရပ်တန့်သွားတော့၏။
ကျောက်တုံးလိုမျိုး ရပ်နေသည်ကို မြင်တော့ ကျန်းရွမ်သည် မျက်မှောင်ကြုတ်မိသွားသည်။
ယဲဖန်သည် အိမ်မက်ထဲသို့ ဝင်ရောက်ပြီး မကြာမီ သူဟာ ကြော့ရှင်းပြီး မြင်မြတ်သည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။
![](https://img.wattpad.com/cover/359449014-288-k656257.jpg)
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...