Unicode
လမ်းမပေါ်တွင် လမ်းလျှောက်နေရင်း ယဲဖန်သည် သူ့ကိုယ်သူ အလွန်မျက်စိဖမ်းစားနေမိကြောင်း တွေ့ရှိသွားခဲ့သည်။
"ယွင်ရှီ လူတွေအများကြီးက ငါ့ကို ကြည့်နေတယ်၊ သူတို့တွေအားလုံးက ငါ့ကို တဖက်သတ်စိတ်ဝင်စားနေကြတယ်လို့ မင်းထင်လား" ယဲဖန်သည် ကျေနပ်ရောင့်ရဲစွာ မေးလိုက်သည်။
ပိုင်ယွင်ရှီသည် မျက်လုံးလှိမ့်လိုက်ပြီး သူ့စိတ်ထဲတွေးနေမိတော့သည် 'ကိုယ့်ကိုယ်ကို အထင်ကြီးမှုကတော့ စလာပြန်ပြီ'
"လူအိုကြီးတချို့တွေပါကွ၊ သူတို့တွေက မင်းက တစ်ဖက်သတ်စိတ်ဝင်စားနေတယ်လို့ မင်းက ထင်နေတာလား" ပိုင်ယွင်ရှီက နှာမှုတ်လိုက်သည်။
ယဲဖန်က မျက်တောင်ခတ်လိုက်ပြီး "ငါ မထင်ပါဘူး၊ သူတို့တွေ အားလုံးက အသက်ကြီးနေကြပြီ"
ပိုင်ယွင်ရှီက တွေးနေတော့သည် 'ယန်မိသားစုက အဘိုးကြီးက ရှေးဟောင်းသိုင်းပညာကျင့်ကြံသူတွေထဲမှာ ဂုဏ်သိက္ခာကြီးမားတဲ့ပုံပဲ၊ ယဲဖန်က သူ့စွမ်းရည်နဲ့ မသန်မစွမ်းဖြစ်အောင် ပြုလုပ်လိုက်တော့ ရှေးဟောင်းသိုင်းပညာကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာ ယဲဖန်ပုံရိပ်က ရုတ်တရက် မတွေးတောနိုင်ရလောက်အောင် ဖြစ်သွားမှာပဲလေ'
ရှုယွမ်ချင်သည် မုလျန်ဖင်နှင့်အတူ ရောက်လာခဲ့ပြီး "သခင်လေးယဲ လျန်ဖင်ကိစ္စကြောင့် မင်းနဲ့ သခင်လေးပိုင်တို့ ဒုက္ခရောက်သွားရတဲ့အတွက် တောင်းပန်ပါတယ်"
ပိုင်ယွင်ရှီက ခေါင်းယမ်းလိုက်ပြီး "ရပါတယ်၊ ဒါတွေအားလုံးက ယန်မိသားစုကြောင့်ပါ"
ရှုယွမ်ချင်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်၊ ယန်မိသားစုက အရမ်းများလွန်းသွားပြီ"
သို့သော်လည်း ဒီကိစ္စဖြစ်သွားပြီးနောက် သူတို့တွေသည် အချိန်တစ်ချို့စာလောက် နှိမ့်ချစွာ နေထိုင်သင့်ပေသည်။ တွေ့ဆုံပွဲအတွင်း တိုက်ခိုက်ခြင်းကို တားမြစ်ထားခဲ့သော်လည်း ထိပ်တန်းဆရာကြီးများ တကယ်တိုက်ခိုက်ကြလျှင်တော့ အမိန့်နာခံကြသည့် ထိုမြေခွေးအိုကြီးများက ဘေးတွင် ရပ်ကာ စောင့်ပဲကြည့်နေပေလိမ့်မည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...
