အခန်း (၁၇၁)

589 111 5
                                    

Unicode

ပိုင်ယွင်ရှီ​မျှော်လင့်ထားသည့်အတိုင်းပင် ယဲဖန်ဟာ ညသန်းခေါင်ယံအချိန်တွင် ပြန်​ရောက်လာခဲ့​ပေသည်။

"​နောက်ဆုံး​တော့ ပြန်​ရောက်ပြီကွ" ယဲဖန်သည် ဒုက္ခ​ရောက်ခဲ့​ရပေမဲ့ စိတ်ဓါတ်က​တော့ ​ကောင်းမွန်​နေ​သေးသည်။

သူ့ကို မြင်မှ ပိုင်ယွင်ရှီနှလုံးသားသည် ​နောက်ဆုံး၌ စိတ်သက်သာရာရသွားခဲ့​သည်။

"အင်း အခုလိုမျိုး အလျင်စလို ပြန်လာစရာမှ မလိုတာ၊ မနက်ဖန်မှ ပြန်လာလဲ ရပါတယ်" ပိုင်ယွင်ရှီသည် သူ့နှလုံးသားထဲတွင် ​ပျော်မြူးနေခဲ့​ပေမဲ့ သူ့မျက်နှာက​တော့တင်းမာ​နေ​ခဲ့​ပေသည်။

မျက်​မှောင်ကြုတ်လိုက်ပြီး ယဲဖန်သည် နှုတ်ခမ်း​ကြီးစူကာ "ဒါဆို ငါတို့​တွေ ဒီည နှစ်ကိုယ်တူ ကျင့်ကြံလို့ မရ​တော့ဘူး​လေ၊ ဒါ​ကြောင့် ငါ တန်းပြန်လာခဲ့ရတာ​ပေါ့"

ပိုင်ယွင်ရှီ "....." ဒီ​ကောင်စိတ်ထဲမှာ အဲ့ဒီမ​ကောင်းတဲ့အ​တွေး​တွေပဲ ပြည့်နှက်​နေ​တော့တာပဲ

​ထောင်ထျဲက သ​ရော်လိုက်ပြန်သည် "မင်းအလျင်စလိုပြန်လာတာက မိတ်လိုက်ဖို့​ပေါ့​လေ ဟုတ်လား၊ မင်းခေါင်းထဲမှာ သုတ်ပိုးနဲ့ပဲ ပြည့်နှက်​နေတာလားကွ"

ပိုင်ယွင်ရှီ "....."

ယဲဖန်သည် ​ထောင်ထျဲက်ု ကန်ချလိုက်ပြီး​နောက် "​ထောင်ထျဲ​တွေရဲ့ အသက်အရဆို မင်း ဟွိုက်ရွာ​အောက်မှာ ချိပ်ပိတ်ခံထားရတုန်းက သား​ပေါက်​လေးပဲ ရှိအုံးမှာဟုတ်တယ်မလား၊ ဒါဆိုရင် မင်း အခုထိ လိင်မဆက်ဆံဖူး​သေးဘူးမလား၊ ​ကောင်ငယ်​လေး ​ဝေး​ဝေးသွားစမ်း၊ မင်း လူကြီး​ကိစ္စ​တွေကို နားလည်မှာ မဟုတ်ပါဘူး၊ မင်းက အသက်မပြည့်သေးဘူး​​လေ"

​ထောင်ထျဲသည် ယဲဖန်အား ​ဒေါသတကြီးဖြင့် ကြည့်ပြီး "မင်းမျိုးမစစ်​ကောင်၊ ငါက မင်းတို့ အ​ဘေး အ​ဘေးရဲ့ အဘိုးအရွယ်​လောက် ရှိပြီကွ၊ မင်းကသာ အသက်မပြည့်​သေးတာ"

ပိုင်ယွင်ရှီ "....."

ယဲဖန်သည် တစ္ဆေဝိညာဥ်အလံကို ထုတ်လာပြီး ​ထောင်ထျဲကို အထဲသို့ ထည့်လိုက်​​တော့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now