Unicode
ပိုင်ယွင်ဖေးသည် ပိုင်ယွင်ရှီရုံးခန်းထဲသို့ ဝင်လာခဲ့သည်။
"အစ်မ"
ပိုင်ယွင်ဖေးသည် သူ့အား ကြည့်ရင်း စိုးရိမ်စိတ်ဖြင့် ပြောလိုက်၏ "နင်နေမကောင်းသေးဘူးဆိုရင်လဲ ရက်နည်းနည်းလောက် ထပ်ပြီး အနားယူလိုက်အုံးလေ။ အဲ့ဒီလောက်အလျန်အမြန်ကြီး အလုပ်ပြန်ဝင်စရာမလိုပါဘူး"
ပိုင်ယွင်ရှီက ဖောင်တိန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ပြုံးကာ ပြောလိုက်သည် "ဒါက အဆင်ပြေပါတယ်။ ဒီအလုပ်နည်းနည်းလောက်လေးက မပင်ပန်းပါဘူး"
ထို့နောက် သူ့ပုခုံးအား ပွတ်သပ်လိုက်၏။ ယဲဖန်နှင့် အတူနေလိုက်ပြီးကတည်းက သူဟာ ချီကျင့်ကြံခြင်း ဒုတိယအဆင့်ကို အောင်မြင်စွာ ချိုးဖြတ်နိုင်သွားခဲ့ပြီး သူ့အကြားအာရုံသည်လည်း အလွန်တိုးတက်လာသောကြောင့် ကုမ္ပဏီအတွင်းရှိ အတင်းအဖျင်းစကားများကိုလည်း ရှင်းရှင်းလင်းလင်း ကြားရနိုင်ပေသည်။
အခု ကုမ္ပဏီတွင် ရေပန်းအစားဆုံး အကြောင်းအရာကတော့ 'သူ့ဇနီးသည်နှင့် ပထမဆုံးညကို ပျော်ပါးပြီးနောက် ဧကရာဇ်က မနက်ခင်းတရားရုံးကိုတောင် မတတ်ရောက်နိုင်ခဲ့ဘူး' ဆိုတဲ့ အကြောင်းအရာများပင် ဖြစ်သည်။
ပိုင်ယွင်ရှီသည် သူ့ရှေ့ရှိ လေးနက်သည့် အသွင်အပြင်များနှင့် ဝန်ထမ်းများက အတင်းအဖျင်းစကားတွေ အရမ်းပြောတတ်မှန်း မမျှော်လင့်ထားခဲ့မိပေ။ သူ ကုမ္ပဏီကို သုံးရက်လောက်မလာလိုက်တာနဲ့ အဲ့ဒီလူတွေက အများကြီးတောင် ပြောဆိုနေခဲ့ကြပြီ။ နောက်ထပ်ရက်အနည်းငယ်လောက်ထပ်ကြာသွားမယ်ဆိုရင် တခြားကောလဟလတွေ ဘယ်လိုပျံ့နှံ့သွားနိုင်မလဲဆိုတာ သူမသိတော့ပေ။
"နင် ဖုတ်ကောင်နဲ့ တွေ့ခဲ့တယ်လို့ ကြားတယ်။ နင်အဆင်ပြေရဲ့လား" ပိုင်ယွင်ဖေးက မေးလိုက်သည်။
ပိုင်ယွင်ရှီက ခေါင်းယမ်းလိုက်ပြီး "အဆင်ပြေပါတယ်၊ ယဲဖန်လဲ အဲ့ဒီမှာ ရှိနေတာပဲလေ"
ထို့နောက် သူ့စိတ်ထဲ တွေးနေခဲ့၏ 'အဲ့ဒီဖုတ်ကောင်မင်းသမီးက အရမ်းကံဆိုးတာပဲ၊ နေ့ခင်းကြီးမှာတောင် ထုတ်ဖော်ပြသနိုင်တဲ့ သူမစွမ်းရည်နဲ့သာဆို သူမက အရမ်းအစွမ်းထက်လောက်မှာပါ၊ သူမသာ ရှေးဟောင်းဂူသင်္ချိုင်းအတွင်းမှာသာ ဆက်ပြီး ပုန်းအောင်းနေအုံးမယ်ဆိုရင် ယဲဖန်လဲ သူမကို ဘာမှတောင် လုပ်နိုင်မှာ မဟုတ်ဘူး'
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...
