အခန်း (၁၉၀)

1.9K 195 4
                                        

Unicode

ဆယ်ရက်​ကျော်ကြာပြီး​နောက်တွင် သူတို့မြင်ကွင်းထဲသို့ အနက်​ရောင်​သင်္ဘော​တစ်စီး ဝင်​ရောက်လာခဲ့သည်။

အနက်​ရောင်​သင်္ဘော​ ချဥ်းကပ်လာသည်နှင့်တစ်ပြိုင်နက် စိတ်ဝိညာဥ်သလင်းအမြောက်များက စတင်ပစ်လာခဲ့သည်။

"ပင်လယ်ဓါးပြ​တွေလား၊ အိုး မဖြစ်ဘူး၊ အိုး မဖြစ်ဘူး၊ ငါတို့​တွေ ပင်လယ်ဓါးပြ​တွေနဲ့ ​တွေ့​နေရပြီ၊ သူတို့​တွေ လိုချင်တာက ငါတို့​တွေကိုလား ငါတို့ပိုက်ဆံ​တွေကိုလားဟင်"

ပိုင်ယွင်ရှီ "....." ဒီ​ထောင်ထျဲက တကယ့်အရူးပဲ။

တစ်ဖက်ခြမ်းက စတင်ပစ်ခတ်လာသည်နှင့် ယဲဖန်သည် ချက်ချင်းပင် တန်ပြန်ထိုးစစ်ဆင်ခဲ့​ပေသည်။ ယဲဖန်ဝိညာဥ်စွမ်းအားက သန်မာတာ​ကြောင့် သူတို့သလင်းအ​မြောက်များကို တိကျစွာ ချိန်ရွယ်နိုင်ခဲ့​သည်။

"​အ​ခြေတည်ကျင့်ကြံသူနှစ်​ယောက်ပဲ"သင်္ဘော​ပေါ်ရှိတစ်​ယောက်က အံ့သြသင့်စွာ ​ပြောလိုက်​လေသည်။

အနက်​ရောင်​သင်္ဘော​ချဥ်းကပ်လာသည်နှင့် ယဲဖန်ဟာ တစ်ဖက်လူ၏မျက်နှာကို ​သေချာ မြင်လိုက်ရ​ပေသည်။ သူသည် ပင်လယ်ထဲရှိ လျှို့ဝှက်ဆန်းကြယ်ပြီး ရက်စက်ကြမ်းကြုတ်သည့် ပင်လယ်ဓါးပြများအ​ကြောင်းကို ကြားဖူး​နေတာ ကြာလှ​နေပြီ။

"ဝိုး အလှ​လေးပါလား" မျက်နှာမည်းကျင့်ကြံသူတစ်​ယောက်က ပိုင်ယွင်ရှီကို စိုက်ကြည့်​နေသည်မှာ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ​တောက်ပ​နေခဲ့သည်။

​ထောင်ထျဲသည် မျက်​တောင်ခတ်လိုက်ပြီး "သခင်​လေးပိုင် တစ်​ယောက်​ယောက်က​တော့ မင်းအ​ပေါ်မှာ မျက်စိထပ်ကျ​သွားပြန်ပြီ၊ ငါ မင်းကို ယဲဖန်ထက်ပို​ကောင်းတဲ့ တစ်​ယောက်ရှာဖို့ ​ပြောထား​ခဲ့ပေမဲ့ ဒီတစ်​ယောက်​ကိုတော့ မယူနဲ့နော်၊ အရမ်းမည်းလွန်း​​နေတယ်၊ မင်းမီးပိတ်လိုက်တာနဲ့ သူ့ကို ရှာ​​လို့​တောင် တွေ့မှာ မဟုတ်​တော့ဘူး"

ပိုင်ယွင်ရှီ "....."

"မင်းတို့နှစ်​ယောက် လက်နက်ချမယ်ဆိုရင် မင်းတို့အသက်​ကို ချမ်းသာ​ပေးဖို့ ငါစဥ်းစားပေးမယ်" ဝူယွမ်က အလယ်အလတ်အဆင့် အ​ခြေတည်ကျင့်ကြံသူတစ်ဦး ဖြစ်​လေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now