Unicode
"အထဲဝင်လာလေ" ယဲဖန်သည် တံခါးဖွင့်ကာ သူတို့ကို ဖိတ်လိုက်သည်။
ကျန့်ဟိုက်လင်သည် အခြေအနေအား အကျဥ်းချုပ် ရှင်းပြလေသည်။
"ဘေးကင်းရေးအဆောင်က လူတစ်ဦးကို ဘေးကင်းလုံခြုံစေပြီး သေးငယ်သော ဘေးဒုက္ခများကို တားဆီးပေးနိုင်တယ်။ ကုသရေးအဆောင်က သာမန်ဖျားနာမှုတွေကိုသာ ကုသပေးနိုင်တယ်။ သရဲတစ္ဆေများအပေါ် အလွန်အသုံးဝင်တယ်လို့ မယူဆနိုင်ပေမဲ့ အနည်းငယ်ပဲ အလုပ်ဖြစ်မယ်။ ဒါပေမဲ့ ဒီအဆောင်တွေက စုန့်ပိုဟွေ့ရဲ့အသက်ကို ယာယီပဲ လုံခြုံနိုင်လိမ့်မယ်လို့ ငါထင်တယ်။ " စုန့်ပိုဟွေ့အား တစ္ဆေမ ဝင်ပူးခံထားရသည်မှာ အချိန်ကြာသွားလျှင် သေသွားပေလိမ့်မည်။
ယဲဖန်သည် ရုတ်တရက် သူ့တွင် ယုံကြည်မှုများ ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။ သူ့ကျင့်ကြံမှုသည် အလွန်နိမ့်လွန်းသည်။ သူသာ စတုတ္ထအဆင့်သာရောက်နေလျှင် ဘေးကင်းရေးအဆောင်တစ်ခုနှင့်တောင် အဆိုပါသရဲမအား ပြာအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။
ကျန့်ဟိုက်လင်သည် စိတ်လှုပ်ရှားစွာဖြင့် "ငါက ဒီမှာ သရဲတစ္ဆေတွေကို မောင်းထုတ်နိုင်မလားလို့ မင်းကို လာမေးတာ"
"မင်း တစ္ဆေမုဆိုးတွေဆီကို အကူအညီတောင်းဖို့ သွားပြီးပြီလား" ယဲဖန်မေးလိုက်သည်။
ကျန့်ဟိုက်လင်သည် ခေါင်းငြိမ့်ကာ "သွားတယ်။ အဲ့တစ္ဆေမက နှစ်တစ်ထောင်သက်တမ်းရှိ ရက်စက်ကြမ်းကြုတ်တဲ့သရဲမ ဖြစ်ပြီး အရမ်းအစွမ်းထက်လွန်းတယ်။ ကိုင်တွယ်ရမလွယ်ဘူးလို့ တစ္ဆေမုဆိုးတွေက ပြောတယ်" ဟု ပြောသည်။
ယဲဖန်းသည် အံ့သြသင့်သွားပြီး "နှစ်တစ်ထောင်သရဲမလား။ အိုး ။ သွားရှုပ်ဖို့ မလွယ်ဘူး" ဒီကမ္ဘာပေါ်မှာ အများအပြားတွေ့မြင်ခဲ့ရပြီး ကြာရှည်စွာ တည်ရှိနေခြင်းကြောင့် သရဲမသည် အလွန်အစွမ်းကြီးသင့်သည်။ ဒီကမ္ဘာမှာ လူလိမ်တွေပေါများလွန်းသောကြောင့် သူသည် ယုံသင့်၊မယုံသင့်မှန်းလဲ မသိတော့ပေ။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...