အခန်း (၁၇၅)

408 114 4
                                    

Unicode

ယဲဖန် ဗီလာတွင်

မုလျန်ဖင်သည် ​ဆောင့်​ကြောင့်ထိုင်ကာ ငါးကန်ထဲရှိ လိပ်နှစ်​ကောင်အား ကြည့်​နေခဲ့​​လေသည်။

"သခင်​လေးယဲ မင်းဘာလို့ ငါးကန်အကြီးကြီး ဝယ်ခဲ့ရတာလဲ"

ယဲဖန် "....." ဘာလို့လဲဆို​တော့ လိပ်နက်က ကြီးတာလိုချင်တယ်လို့ ​ပြော​နေလို့​ပေါ့ကွ။ ငါသာ ​သေး​သေး​လေး ဝယ်​ပေးလိုက်ရင် ငါ့လာကိုက်​နေမှာ​​လေ။

"သူတို့​တွေအတွက်က ​သေး​သေး​လေးဆို လုံ​လောက်​အောင် မကြီးထွားလာနိုင်ဘူး​လေ" ယဲဖန်က ​ပြောလိုက်၏။

မုလျန်ဖင် "မဖြစ်နိုင်တာ၊ လိပ်က နှစ်​ကောင်တည်းရှိတာ တစ်​ကောင်ဆို ​သေး​သေး​​လေးရယ်၊ အဲ့​လောက်ကြီး မလိုအပ်ပါဘူး"

"ဟုတ်တယ်၊ နည်းနည်း​တော့ ကြီးသွားတယ်​နော်၊ ဒါ​ပေမဲ့ ငါ့မှာ ​ရွေးချယ်စရာမှ မရှိတာ"

လိပ်နက်က လက်ဖဝါးအရွယ်အစားထိ ကျုံ့သွားကာ ကြည့်ရသည်မှာ ချစ်စရာအလွန်​ကောင်း​​ပေသည်။ ယဲဖန်သည် တိတ်တဆိတ် နှုတ်ခမ်းစူထားမိ​လေသည်။ သိသိသာသာကို သူက နတ်ဆိုးသားရဲ​ကောင်ဖြစ်​ပေမဲ့ ​သေး​သေး​လေးကျုံ့သွားပြီး ချစ်စရာ​ကောင်း​အောင် အရှက်မရှိ သရုပ်​ဆောင်​နေခဲ့​ပေသည်။

မုလျန်ဖင်သည် လိပ်နက်ကို စိတ်ရှုပ်​ထွေးစွာ ကြည့်လိုက်ပြီး "ဒီလိပ်က ထူးဆန်းနေသလိုပဲ"

ယဲဖန်က သူ့အား ကြည့်ကာ ​တွေးလိုက်မိသည် 'ဒီ​ကောင်မှာ စူးရှတဲ့မျက်လုံးတစ်စုံရှိ​နေတာပဲ'

"ဘယ်လိုမျိုးထူးဆန်း​နေလို့လဲ"

"သခင်​လေးယဲ မင်းအရင်က ဝယ်ခဲ့တဲ့လိပ်က သူ့ကို ​ကြောက်လန့်​နေတဲ့ပုံပဲ" ထို့​နောက်မုလျန်ဖင်က သူ့ကိုယ်သူ​ပြော​နေမိ၏ 'ငါ့မှတ်ဥာဏ်သာ မှန်တယ်ဆိုရင် အရင်က ဝယ်ထားတဲ့ယဲဖန်လိပ်က အရမ်းမာန​ထောင်လွှားပြီး လွှမ်းမိုးတတ်တဲ့ လိပ်တစ်​ကောင်ပါ၊ သူ့​စော်ကားတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ဒီ​ကောင်က ​ရေနဲ့ မှုတ်ထုတ်ခဲ့တာ၊ အခုကျ​တော့ ငုံးကျ​နေတာ၊ လိပ်​သေး​သေး​လေးက သူ့​နောက်လိုက်လာရင် သူက အ​ဝေးကို တန်း​ထွက်​ပြေးသွားတယ်'

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now