အခန်း (၁၈၄)

393 93 4
                                    

Unicode

ယွမ်ချင်းယွဲ့သည် ​စျေးထဲသို့ ​လျှောက်လာပြီး မကြာခင်မှာပဲ ပိုင်ယွင်ရှီဆိုင်ခန်း​ကို ​ရှာတွေ့သွားခဲ့သည်။

အစတုန်းက ပိုင်ယွင်ရှီသည် ​စျေးကွက်အ​ကြောင်း ဘာမှမသိခဲ့​ပေ။ ဒါ့အပြင် မူလတုန်းက ယဲဖန်ပြုလုပ်ထားသည့်အ​ဆောင်များကို အဆင့်တူအ​ဆောင်များထက် ​စျေးနှုန်းသက်သာစွာ ​ရောင်းချခဲ့​သည်။ ​နောက်ပိုင်းတွင် သူသည် ​စျေးနှုန်းများကို မဝံမရဲဖြင့် အကြိမ်​ကြိမ်တိုးမြှင့်ခဲ့​ပေသည်။

​စျေးနှုန်းများကို အကြိမ်ကြိမ်တိုးမြှင့်ခဲ့​သော်လည်း ထိုအ​ဆောင်များကတော့ ​ရောင်း​​ကောင်း​နေဆဲပင် ဖြစ်သည်။

"ဘယ်လို​တောင် တိုက်ဆိုင်လိုက်တာတုန်း၊ ကျွန်မတို့​တွေ ထပ်​တွေ့ကြပြန်ပြီ​နော်၊ ကျွန်မအသက်ကို ကယ်တင်ခဲ့တဲ့ ရှင့်ရဲ့ကြင်နာမှုကို ကျွန်မသတိ​တွေရ​နေခဲ့တာ၊ ရှင့်နာမည် ဘယ်လို​ခေါ်လဲဟင်"

ယွမ်ချင်းယွဲ့​ရောက်လာပြီး မကြာခင်မှာပဲ ပိုင်ယွင်ရှီအနားရှိ အမျိုးသမီးကျင့်ကြံသူများဟာ စိတ်မပါဘဲ အ​ဝေးသို့ ထွက်ခွာသွားကြသည်။

ဒီကို သူမ မလာခင်တုန်းက သူမသည် အ​ဆောင်​တွေကို ​ရောင်းသည့်လူက ပိုင်ယွင်ရှီမှန်း မထင်ထားခဲ့မိ​ပေ။ ဒါ​ကြောင့် သူမဟာ အနည်းငယ် အံ့သြသင့်နေမိ​၏။

ပိုင်ယွင်ရှီသည် သူမအား တစ်ချက်ကြည့်လိုက်ပြီး "လမ်းကြုံလို့ပါ၊ စိတ်ထဲထားမ​နေပါနဲ့ မိန်းက​လေး"

"ကျွန်မတို့ယွမ်မိသားစုရဲ့ ကုန်သည်အစည်အရုံးက ဒီနဲ့သိပ်မ​ဝေးဘူး၊ ရှင် သွားကြည့်ချင်လား" ယွမ်ချင်းယွဲ့က နိမ့်ချစွာ ဆိုလိုက်၏။

ပိုင်ယွင်ရှီက ​ခေါင်းခါလိုက်ပြီး "မကြည့်​တော့ပါဘူး"

"ရှင် အ​ဆောင်​တွေ​ ရောင်း​နေတာလား၊ ဘယ်​လောက်ကျန်​သေးလဲ၊ ကျွန်မ ဝယ်လိုက်မယ်​လေ" ယွမ်ချင်းယွဲ့က ​ပြောလိုက်၏။

"ဒါက ​နောက်ဆုံးအသုတ်ပါ၊ ဒီ​နေ့ပြီးရင် ကျွန်​တော်က ထပ်မလာ​တော့ပါဘူး" ပိုင်ယွင်ရှီက ​ခေါင်းခါလိုက်၏။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now