Unicode
ယဲဖန်သည် လူသတ်သမားကို ကြည့်လိုက်ပြီး သရဲများစွာကို လွှတ်ပေးလိုက်လေသည်။ ထို့နောက် လူသတ်သမားက "သရဲ၊ သရဲ" ဟု အော်ဟစ်နေခဲ့တော့သည်။
ကလိုဝီ၏မျက်နှာက မည်းမှောင်သွားခဲ့ပေသည်။ ယဲဖန်က သူဟာ နာတာရှည်အဆိပ်မိနေတယ်လို့ပြောတုန်းက တစ်ခုခု မှားယွင်းနေကြောင်း ခံစားခဲ့ရသည်။ သူ့အနီးနားရှိ သက်တော်စောင့်တွေထဲ ထိုးဖောက်ဝင်ရောက်နေမယ်မှန်း မမျှော်လင့်ထားခဲ့မိပေ။
လူသတ်သမားက သရဲလို့ ပြောတာကို ကြားတော့ သူသည် စောနက အခန်းထဲ၌ တွေ့ခဲ့ရသည့် ကလေးကို ရုတ်တရက် သတိရသွားခဲ့၏။
ကလိုဝီက ရုပ်ဝါဒီသမား ဖြစ်ပေသည်။ လူသတ်သမားက ရူးသွပ်စွာ အော်ဟစ်နေသည့် မြင်ကွင်းနှင့် ကလေးတို့ကို ဆက်စပ်ကြည့်မိတော့ သူသည် အနည်းငယ်ထူးဆန်းသလိုခံစားခဲ့ရပေသည်။
"ဆရာကြီး သူ ဘာဖြစ်နေတာလဲ" ဂျော့ရှ်က မေးလိုက်၏။
ယဲဖန်က ပြုံးလိုက်ပြီး "ကြောက်လန့်သွားတာလေ"
"ငါ အပေါ်မှာ ကလေးတစ်ယောက်ကို တွေ့ခဲ့တယ်" ကလိုဝီက တုံ့ဆိုင်းစွာ ပြောလိုက်လေသည်။
ယဲဖန်က ပြုံးလိုက်ပြီး "အဲ့ဒါက ငါ့ရဲ့ အစေခံသရဲလေးလေ"
"အစေခံသရဲဟုတ်လား၊ အဲ့ဒါက ဘာလဲ" ဂျော့ရှ်က ယဲဖန်ကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်မှာ သူဟာ ထိုအရာအပေါ် စိတ်ဝင်စားနေမှန်း သိသာနေပေသည်။
"အစေခံသရဲပါဆို အစေခံသရဲပဲပေါ့၊ လူသားအစေခံလိုမျိုးပဲလေ၊ ဒါပေမဲ့ မင်းက အဲ့ဒါအတွက် ငွေပေးစရာတော့မလိုဘူးပေါ့၊ ငါက အလကားရတာတွေကို ကြိုက်တယ်လေ" ယဲဖန်က ပြောလိုက်၏။
ကလိုဝီ "....." အိမ်စေတစ်ယောက်ရဲ့ လစာက ဘယ်လောက်ရှိမှာမို့လို့လတုန်း၊ ဒီလူက အရမ်းကိုနှမြောတွန့်တိုတာပဲ၊ ပိုက်ဆံချွေတာဖို့အတွက် သူက အစေခံသရဲတွေကိုတောင် ငှားထားခဲ့တယ်။
"ငါလည်း အစေခံသရဲတချို့ လိုချင်တယ်" ဂျော့ရှ်မျက်လုံးများက တောက်ပလာခဲ့ပေသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...