အခန်း (၁၃၁)

1.1K 231 8
                                    

Unicode

ဗီလာထဲတွင်

"မင်းပြန်လာပြီ​ပေါ့၊ မင်း ..... မင်း ​ရေခဲအဆီအနှစ်ကို ရှာ​တွေ့ခဲ့တာလား" ယဲဖန်က ချဥ်းကပ်လာ​တော့ ပိုင်ယွင်ရှီက ၎င်းအား အာရုံခံမိသွားခဲ့သည်။

ယဲဖန်က ​ခေါင်းငြိမ့်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်တယ်၊ ​နောက်ဆုံး​တော့ ငါရလာခဲ့ပြီ၊ ငါ့ဟာ ဖြစ်သင့်တဲ့အရာက ငါ့ဟာပဲ ဖြစ်လာမှာပေါ့၊ အကြိမ်​ပေါင်းများစွာ လှည့်ပတ်သွားပြီး​နောက် ​နောက်ဆုံး​တော့ ငါ့လက်ထဲကိုပဲ ​ရောက်လာ​တာပဲ​လေ"

"ဘာဖြစ်ခဲ့တာလဲ၊ မင်းတစ်​ယောက်​ယောက်ကို သတ်ခဲ့တာလား"

"ဟုတ်တယ်" သူမျက်နှာ​ပေါ်ရှိ မ​ကျေနပ်မှုများကို သတိထားမိလိုက်​တော့ ယဲဖန်က ရှင်းပြလိုက်သည် "ငါ တစ်​ယောက်​ယောက်ကို သတ်ခဲ့တာက ဘာလို့လဲဆို​တော့ ....."

"သပ်သပ်ရပ်ရပ်စီစဥ်ခဲ့လား၊ အနာဂတ်မှာ ပြဿာနာဖြစ်လာ​အောင် မချန်ထားခဲ့နဲ့​နော်" ပိုင်ယွင်ရှီက ကြားဖြတ်​ပြောလိုက်သည်။

ယဲဖန်က ​ခေါင်းငြိမ့်လိုက်ပြီး "စိတ်မပူပါနဲ့၊ ပြာအဖြစ် ​လောင်ကျွမ်းသွားကြပြီ"

ထိုစကားကို ကြား​တော့ ပိုင်ယွင်ရှီသည် စိတ်သက်သာရာရသွားခဲ့​ပေသည်။ ကုလားထိုင်တွင် ထိုင်လိုက်ပြီး သူ့လက်​အောက်ငယ်သားများ၏ အစီရင်ခံစာများကို နား​ထောင်​နေသလိုမျိုး တည်ငြိမ်​နေခဲ့ကာ "​ကောင်းတယ်၊ ဘာဖြစ်ခဲ့တာလဲဆိုတာ ငါ့ကို ​ပြောပါအုံး"

"ဟုရှန်းယိကို သွားရှာခဲ့​ပေမဲ့ လမ်းတစ်ဝက်​​လောက်မှာ လမ်းပျောက်သွားခဲ့တယ်၊ ​နောက်​တော့ ​ရေခဲအဆီအနှစ်အ​ငွေ့အသက်ကို ခံစားလိုက်ရ​ရော၊ အဲ့ဒါနဲ့ ငါလည်း ဟုရှန်းယိကို ရှာမ​တွေ့နိုင်ဘူးဆို​တော့ အဲ့ဒါကို အရင်ရှာဖို့ ​တွေးလိုက်​တော့တာပဲ၊ ရလဒ်က​တော့ ငါ ထိတ်လန့်စရာလျှိုဝှက်ချက်တစ်ခုကို ရှာ​တွေ့လာခဲ့တယ်"

ယဲဖန်၏ ချဲ့ကား​နေ​သော အမူအရာ​ကြောင့် ပိုင်ယွင်ရှီ၏သိလိုစိတ်က ​ပေါ်​ပေါက်လာခဲ့ပြီး "လျှိုဝှက်ချက်လား၊ အဲ့ဒါက ဘာလဲ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now