အခန်း (၂၂)

2.7K 387 30
                                    

Unicode

မိမိကိုယ်မိမိ ခုခံကာကွယ်ရန်အတွက် အ​ဆောင်တစ်ချို့နှင့် ​မှော်လက်နက်တစ်ချို့ကို ပြုလုပ်ပြီး​နောက် ယဲဖန်သည် သူ့ခရီးသွားလွယ်အိတ်ကို လွယ်ကာ ချန်ရှီပြည်နယ် လျှိုဖုန်မြို့သို့ ခရီးစတင်ခဲ့သည်။

"​အားနာပါတယ်။ ဟိုတယ်က လူပြည့်​နေပါပြီ" အ​ရှေ့​ကောင်တာမှဝန်ထမ်းမ​လေးက ယဲဖန်ကို ကြည့်ကာ ​ပြောလာခဲ့သည်။

ယဲဖန်က သူမကို စိတ်ဓါတ်ကျစွာ ကြည့်ရင်း "တစ်​ယောက်ခန်း​တောင် မကျန်​တော့ဘူးလား"

ဝန်ထမ်းမ​လေးသည် ​ခေါင်းခါကာ "မကျန်​တော့ပါဘူး"

"ကျွန်​တော် အပို​ပေးမယ်​​လေ" ယဲဖန်က ပြောလိုက်သည်။

"​တောင်းပန်ပါတယ်။ ကျွန်မတို့ဆီမှာ တကယ် အခန်းတစ်ခန်းမှ မရှိ​တော့ပါဘူး"

ယဲဖန်သည် အ​ရှေ့စားပွဲတွင် မတ်တပ်ရပ်ကာ ဝန်ထမ်းမ​လေးနှင့် စကား​ပြော​နေစဥ် ပိုင်ယွင်ရှီသည် ​လှေကား​ပေါ်မှ ဆင်းလာခဲ့သည်။ သူ့ကို​ တွေ့​တော့ ယဲဖန်သည် ​ရှေ့သို့ ​လျှောက်သွားပြီး သူ့လက်​မောင်းကို စိတ်လှုပ်ရှားစွာ ဖမ်းဆုပ်လိုက်သည် "မင်း အခန်း ကြိုတင်စာရင်းသွင်းထားတာလား"

ပိုင်ယွင်ရှီသည် ယဲဖန်၏ဥာဏ်မဲ့​သောစကား​ကြောင့် စိတ်ရှုပ်သွားသည်။

"မင်းက ဒီမှာ ဘာလုပ်နေတာလဲ" ပိုင်ယွင်ရှီက မျက်​မှောင်ကြုတ်ကာ ​မေးလိုက်သည်။

"ငါ ဒီမှာ ​ရှေး​ဟောင်းသု​တေသနဆိုင်ရာ အလုပ်အတွက် ​ရောက်​နေတာ။ ဒါ​​ပေမဲ့ သူမက အခန်းမရှိ​တော့ဘူးလို့ ​ပြော​နေလို့"

"ဘာ" ပိုင်ယွင်ရှီက အံ့သြသွားသည်။

ယဲဖန်က ကတ်ကို ထုတ်ကာ ​ပြောလိုက်သည် "ဟုတ်တယ်​လေ ဦး​လေးကျိုးက ငါ့ကို မိတ်ဆက်​ပေးထားတာ။ ဒီမှာကြည့်"

ပိုင်ယွင်ရှီ "....."

"ဦး​လေးကျိုးက မင်းကို ဒီမှာ ဘာလို့ မိတ်ဆက်​ပေးရတာလဲ" ပိုင်ယွင်ရှီက အထင်​သေးစွာ ​ပြောလိုက်သည်။

"ဖြစ်နိုင်တာက​တော့ ငါ့ဆီမှာ တစ်ခုခု​တွေ့ထားလို့ ​နေမှာ​ပေါ့။ အရင်တစ်​ခေါက်တုန်းက ငါပို့​လိုက်တဲ့ စာ​ရလား" ယဲဖန်က ​မေးသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now