Unicode
ဦးညွှတ်လိုက်ပြီးနောက် မန်နေဂျာသည် ပိုင်ယွင်ကျင်းနှင့် တခြားလူများကို သီးသန့်ခန်းထဲသို့ ပို့ဆောင်ပေးခဲ့သည်။
ဘေးနားတွင် အတင်းပြောနေသည့် စားပွဲထိုးမလေးနှစ်ယောက်သည် အံ့သြထိတ်လန့်သွားကာ "နင်တွေ့လား။ ငါတို့မန်နေဂျာကို အရင်က ဒီလိုမျိုးတစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ ဒီဧည့်သည်တွေက ပိုင်မိသားစုကလူတွေ ဖြစ်တဲ့ပုံပဲ"
"အဲ့ဒီသူဌေးလိုကောင်က ပိုင်မိသားကလူတွေနဲ့ တကယ် သိလိမ့်မယ်လို့ မထင်ထားမိဘူး။ မယုံကြည်နိုင်စရာပဲ"
"အခုခေတ်မှာ မင်းက အပေါစားဆန်နေရင်တောင် ချမ်းသာနေရင် အဆင်ပြေမှာပဲ။ ဒီကောင်က အရမ်းချမ်းသာတာပဲ ဖြစ်လိမ့်မယ်"
ယဲဖန်သည် ပိုင်ယွင်ကျင်းနောက်မှ သီးသန့်ခန်းထဲသို့ လိုက်သွားခဲ့ရာ ၎င်းသည် ဇိမ်ကျပြီး ကြော့ရှင်းသလို အလှဆင်ထားကာ ပတ်ဝန်းကျင်သည်လည်း အပြင်ဘက်ကထက် ပိုကောင်းလေသည်။
"အကိုကြီး ဘယ်ချိန်ကတည်းက ကြိုတင်မှာထားတာလဲ" ယဲဖန်က မေးလိုက်၏။
"နေ့လည်နှစ်နာရီလောက်တုန်းကလေ" ပိုင်ယွင်ကျင်းက ပြန်ဖြေပေးလိုက်၏။
ယဲဖန် မျက်ခုံးနှင့် နှာခေါင်းတို့က ရှုံတွသွားကာ "တကယ်လား။ ဒါပေမဲ့ ကျွန်တော် မနက်ခင်း ဘွတ်ကင်တင်တုန်းက သူတို့တွေက စားပွဲဝိုင်းအားလုံး ပြည့်သွားပြီလို့ပြောခဲ့တာ။ အဲ့ဒါနဲ့ ကျွန်တော်လဲ သီးသန့်ခန်းရှိရင် ကျွန်တော်အတွက် တစ်ခန်းလောက် လုပ်ပေးပါလို့တောင် သူတို့ကို ပြောခဲ့တာ။ ဟမ့် သူတို့တွေ ကျွန်တော့်ကို လိမ်ပြောခဲ့တာပဲ။ သူတို့ကို သင်ခန်းစာတစ်ခုလောက်တော့ သင်ပေးရမယ်"
ယဲလင်းသည် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ်ရှက်ရွံသလိုခံစားလိုက်ရသည်။ ယဲဖန် ငတုံးကောင်။ ဒီကစီးပွားရေးက အရမ်းကောင်းလေသည်။ ရုံးဖွင့်ရက်မှာတောင် စားပွဲဝိုင်းအားလုံးက ပြည့်နေပြီးသားပင်။ သီးသန့်ခန်းတစ်ချို့လောက်သာ ကျန်ရှိနေခြင်းပင်။ ၅ရက်၊ ၆ရက်လောက်ကြိုတင်မှာထားရင်တောင် စားပွဲတစ်ဝိုင်းရဖို့တောင် မဖြစ်နိုင်ပေ။ ပိုင်ယွင်ကျင်း ကြိုတင်မှာလို့ရသည့်အကြောင်းအရင်းမှာလဲ သူ၏ထူးခြားသည့် အဆင့်အတန်းကြောင့်ပင် ဖြစ်သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...