Unicode
တောင်ပေါ်တွင် ရက်အနည်းငယ်လောက် ကျင့်ကြံပြီးနောက် ယဲဖန်သည် ပြန်လာခဲ့သည်။
ယဲဖန်သည် စီမြို့တော်သို့ ပြန်လာပြီးနောက် ပထမဆုံးလုပ်သည့်အရာမှာ ဝူမိသားစုရှိ သူ့လိပ်ငယ်လေးကို သွားခေါ်ရန် ဖြစ်သည်။
ဒါပေမဲ့ ယဲဖန် မမျှော်လင့်ထားသည်က သူရောက်လာပြီးနောက် သူ့အတွက် နောက်ထပ်ကောင်းမွန်သည့်အရာက စောင့်နေခြင်းဖြစ်သည်။
"ဒါက မြို့တော်ကလား" ယဲဖန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဟုတ်တယ် ဒါက သယ်ယူပို့ဆောင်ရေးစာရွက်ပဲ။ ဒါပေမဲ့ လက်မှတ်မပါဘူး"
ယဲဖန်က တခစ်ခစ်ရယ်ကာ "ဘယ်သူပို့တာလဲဆိုတာ ငါသိပြီ။ သူက အရေပါးတာပဲ။ ဒါပေမဲ့ ငါသိသရွေ့တော့ ကိစ္စမရှိပါဘူး"
"ဦးလေးဖန် ဒါက ကျွန်တော့်အဒေါ်ဆီကလား" ဝူဟောက်ချန်က ယဲဖန်၏အင်္ကျီလက်ကို ဆွဲကာ အတင်းပြောသည့်မျက်နှာထားဖြင့် မေးလိုက်သည်။
ယဲဖန်သည် ခေါင်းငြိမ့်ပြီး စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်တယ်။ အဲ့ဒါက သူပဲ။ မင်းဦးလေး ငါက သူ့ရှေ့မှာ သူရဲကောင်း ဝင်လုပ်ပြလိုက်တာကြောင့် သူ့ရင်ထဲထိသွားတာဖြစ်မယ်"
ဝူဟောက်ချန်က စိတ်လှုပ်ရှားစွာဖြင့် "ဦးလေးဖန် မင်းအတွက် အရမ်းကောင်းတယ်"
"မင်းအဒေါ်က တကယ်ကို သဘောထားကြီးတာပဲ" ယဲဖန်က ပြောသည်။
ဝူဟောက်ချန်က ခေါင်းငြိမ့်လိုက်ကာ "ဟုတ်တယ်။ အဖေနဲ့ အမေ နှစ်ယောက်စလုံးကတောင် ဒါတွေက ပစ္စည်းကောင်းတွေလို့ ပြောခဲ့တာ။ ဒါက ဆေးဖက်ဝင်ပစ္စည်းနည်းနည်းလေးဆိုပေမယ့် အဆက်အသွယ်မရှိရင် ဝယ်လို့တောင်မရဘူး"
ယဲဖန်က ပျော်ရွှင်စွာဖြင့် "ဒါက အရမ်းကောင်းတာပဲ။ သူက တကယ်ကို နားလည်တယ်။ ငါ သူ့နှလုံးသားကို ရရမယ်"
အခုချိန်တွင် သူပြန်လာရသည့် အဓိက အကြောင်းအရင်းက သူသည် ချီစွမ်းအင်အချို့ကို သန့်စင်ရန် လိုအပ်သောကြောင့်ဖြစ်သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...