Unicode
ဘဏ်ကတ်နှင့်အတူ ယဲဖန်သည် ပန်းနှင့်ငှက်စျေးသို့ သွားခဲ့သည်။ ဤစျေးထဲတွင် အပင်များစွာရှိပေမဲ့ အများစုကတော့ ယဲဖန်၏စိတ်ဝင်စားမှုကို မနိုးဆွနိုင်ချေ။ တစ်ပတ်ပတ်ပြီးနောက် သူ့အတွက် အကျိုးအမြတ်မရှိကြောင်း တွေးနေစဥ် ဖျော့တော့သော ချီစွမ်းအင်သည် ယဲဖန်အား ဆွဲဆောင်ခဲ့လေသည်။ ချီစွမ်းအင်နောက် လိုက်ရင်း ယဲဖန်သည် ရေထွက်ကုန်ပစ္စည်းဆိုင်သို့ ရောက်သွားသည်။
"သူဌေး ဒီလိပ်က ဘယ်လောက်လဲ"
ယဲဖန့်မျက်လုံးများက အားပါးတရပြုံးနေသည်။ ဒီနေရာတွင် ချီစွမ်းအင်စုလိပ်ကို တွေ့ရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။ ချီစွမ်းအင်စုလိပ်သည် သူ့နာမည်အတိုင်း ချီစွမ်းအင်တွေစုစည်းပေးနိုင်သော လိပ်ဖြစ်ပေသည်။ ဒီလို ဝိညာဥ်စွမ်းအင်အမျိုးအစားသည် အလွန်ရှားပါး၏။ ကျင့်ကြံရေး နယ်မြေ၌ ပေါ်ပေါက်လာခဲ့လျှင် လူတိုင်းသည် ဤအရာအတွက် တိုက်ခိုက်ကြပေလိမ့်မည်။ ပီယွမ်ဂိုဏ်းတွင်တောင် ယဲဖန်သည် တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ဒါပေမဲ့ သူတို့ဂိုဏ်း၏ရန်သူ ရွမ်ကျန့်ဂိုဏ်းတွင်တော့ တစ်ခု ပိုင်ဆိုင်ထားသည်။
ကံမကောင်းစွာဖြင့် ဤကမ္ဘာရှိ လူတိုင်းက မကျင့်ကြံနိုင်ကြပေ။ ထို့ကြောင့် သူတို့သည် ချီစွမ်းအင်ကို မခံစားရပေ။ ဒါပေါ့ သူတို့က ဒီလိပ် ဘာလုပ်နိုင်သလဲဆိုတာပါ မသိကြပေ။ ဒီတော့ သူကကြီးမားတဲ့ အကျိုးအမြတ်တစ်ခု ရရှိသွားတာပေါ့။
"ဆရာ မင်းက တကယ်အမြင်ကောင်းရှိတာပဲ။ ဒါက လိပ်ရိုင်းတစ်ကောင်လေ။ သူ့အရောင်နှင့် သူ့အခွံဘယ်လောက်မာလဲဆိုတာကိုကြည့်စမ်း၊၊ ယွမ်တစ်ထောင်နဲ့ မင်းယူသွားလို့ ရတယ်"
ယဲဖန်သည် ခေါင်းငြိမ့်လျက် "ကောင်းပြီ" ဟုဆိုကာ တိတ်တဆိတ်ဝမ်းသာသွားလေသည်။ ချီစွမ်းအင်စုလိပ်တစ်ကောင်ကို ယွမ်တစ်ထောင်တဲ့လား။ ဒီနေ့ကတော့ တကယ်ကို ငါ့ရဲနေ့ပဲ။
သူဌေးသည် ယဲဖန်၏ပျော်ရွှင်နေသောမျက်နှာကိုမြင်လိုက်ရသောအခါ သူ့ကိုယ်သူ 'ငါတောင်းတာ နည်းများနည်းသွားပြီလား' ဟုတွေးလိုက်မိသည်။ အနည်းငယ်နောင်တရမိသော်လည်း "ဆရာ နှပ်မှာလား။ ပြုတ်မှာလား။ ဒါက အာဟာရအရမ်းရှိတယ်ဆိုတာ ဆရာ သိပါတယ်။ ငါမင်းအတွက် ဘယ်လိုလုပ်ပေးလိုက်ရမလဲ"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Avventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...