အခန်း (၁၆၀)

1K 192 2
                                    

Unicode

​ထောင်ထျဲက မျက်လုံးလှိမ့်ပြီး မေးလိုက်သည် "ယဲဖန် မင်း ဘယ်​နေရာမှာ ​ဆေးလုံးသန့်စင်မှာလဲ"

ယဲဖန်က ​ခေါင်းခါလိုက်ပြီး "မသိ​သေးဘူး၊ ကြုံရာ​နေရာမှာလို့​တော့ ထင်တာပဲ"

ပိုင်ယွင်ရှီက ​မြေပုံကို ထုတ်လာခဲ့​ပေသည်။ အခုဆို လူ​တော်​တော်များများက သူတို့ကို ​စောင့်ကြည့်​နေကြ​ပေသည်။ သူတို့​တောင် ဘယ်သွားရမလဲ မသိတာ တစ်ခြားလူဆို ​ပြောမ​နေပါနဲ့​တော့။

​ထောင်ထျဲသည် ​မြေပုံကို ကြည့်ပြီး ဝမ်သာအားရ​နေ​သော​လေသံဖြင့် "အာယိုး ငါတို့ ဘယ်သွားကြမှာလဲ၊ ငါတို့ဘယ်ပဲသွားသွား ​အဆုံးသတ်က သေလမ်း​တွေကြီးပဲ​"

ယဲဖန်က မ​ကျေမနပ်ဖြင့် "မင်း​ပေါက်ကရ​တွေ ဆက်​ပြော​နေအုံးမယ်ဆိုရင် ငါ မင်းကို ကန်ထုတ်ပစ်မယ်"

​ထောင်ထျဲ "မင်း ကား​မောင်းတာကိုပဲ အာရုံစိုက်သင့်တယ်၊ မဟုတ်ရင် ယာဥ်မ​တော်တဆဖြစ်ပြီး ရဲစခန်းကို လက်ဖက်ရည်​သောက်ဆိုပြီး ဖိတ်ကြားခံ​နေရအုံးမယ်၊ မင်းပြစ်မှု​တွေ မကြာခဏကျူးလွန်မိလို့ အဲ့ဒီကို လက်ဖက်ရည် ​သောက်ဖိတ်ကြားခံရတယ်လို့ ငါ ကြားဖူးတယ်"

ယဲဖန် "​ပေါက်ကရ​တွေ၊ ငါက နိုင်ငံသား​ကောင်းတစ်ဦးပါ​ကွ"

​ထောင်ထျဲကို ကြည့်ပြီး ပိုင်ယွင်ရှီက စိတ်ဝင်တစား​မေးလိုက်​​လေသည် "အရှင်​ထောင်ထျဲ အရှင့်မှာ အကြံ​ကောင်း​လေး​တွေများ ရှိလား"

ယဲဖန်သည် ပိုင်ယွင်ရှီကို ကြည့်ပြီး ​မေးလိုက်​လေသည် "ယွင်ရှီ မင်း သူ့ကို အရှင်လို့ ခေါ်လိုက်တာလား၊ သူက ​ဆာ​လောင်ပြီး ​သေသွားပြီ​လေ၊ ဒါက ဘယ်လိုလုပ်ပြီး အရှင်ဖြစ်နိုင်မှာလဲ"

"အရှင်​ထောင်ထျဲက နဂါး​သွေးမျိုးဆက်ရဲ့ ပါရမီရှင်တစ်ဦးပဲ၊ သူ့ကို အရှင်လို့ ​ခေါ်တာ မလွန်ပါဘူး" ပိုင်ယွင်ရှီက ​ပြောလိုက်၏။

​ထောင်ထျဲက စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်တယ်၊ ဒါမှန်တယ်၊ ယဲဖန် မင်းလက်တွဲ​ဖော်က မင်းထက် အများကြီး မြင်နိုင်စွမ်းရှိတယ်၊ ယွင်ရှီ မင်းက ပြီးပြည့်စုံတဲ့ လူသားတစ်ဦးပဲ၊ မင်းဘာလို့ ယဲဖန်လို အရူးမျိုးကို မင်း​ကောင်​လေးအဖြစ် ရှာထားရတာလဲ၊ ငါ မင်းအတွက် စိတ်မ​ကောင်းဘူးကွာ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now