Unicode
ပိုင်မိသားစု၌
"အဖိုး ဘာတွေကြည့်နေတာလဲ" မုလျန်ဖင်သည် ရှုယွမ်ချင်အခန်းထဲ ဝင်လာပြီး မေးလိုက်၏။
"ဆေးဖက်ဝင်ပစ္စည်းစာရင်းတွေလေ" ရှုယွမ်ချင်က ပြောလာ၏။
မုလျန်ဖင်က စစ်ဆေးကြည့်လိုက်ပြီးနောက် "ကျွန်တော် တစ်ခါမှ မကြားဖူးတာတွေ အများကြီးရှိသေးတာပဲ"
ရှုယွမ်ချင်က ခါးသီးစွာ ပြုံးလိုက်ပြီး "ငါတောင် တစ်ခါမှ မကြားဖူးခဲ့တာ မင်းဆို ပိုဆိုးပေါ့"
"အဖိုး ဒါ ယဲဖန်ဆီကလား"
ရှုယွမ်ချင်က ခေါင်းငြိမ့်ပြလိုက်ပြီး "ဟုတ်တယ်၊ ဒီတစ်ခေါက်တော့ ငါတကယ်မကူညီနိုင်တော့ဘူး"
မကြာသေးခင်က ယဲဖန် ခွန်အားများ တိုးတက်လာတာကြောင့် အဆင်မြှင့်တင်ရန် ဆေးဖက်ဝင်ပစ္စည်းများ လိုအပ်နေတာဖြစ်ကြောင်း ရှုယွမ်ချင်က ခန့်မှန်းမိခဲ့လေသည်။
"သခင်လေးယဲက တကယ့်ကို အများကြီး သိတာပဲ" မုလျန်ဖင်က ဆိုလိုက်၏။
ရှုယွမ်ချင်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်"
မုလျန်ဖင်သည် သူ့အဖိုးကို ကြည့်လိုက်ပြီး "သူလိုအပ်တဲ့ဆေးဖက်ဝင်အပင်တွေက အရမ်းထူးဆန်းတယ်၊ ဒါနဲ့ အဖိုး ဆန်းကြယ်ငှက်ဥအကြောင်း ကြားပြီးပြီလား"
ရှုယွမ်ချင် "အွန်း၊ အဲ့ဒါက ယဲဖန်လက်ထဲမှာ ရှိတယ်လို့ ရှေးဟောင်းသိုင်းပညာအသိုင်းအဝန်းထဲမှာ ကောလဟလတွေ ထွက်နေတယ်"
ဒီတစ်ကြိမ် ယဲဖန်သွားခဲ့သည့်နေရာက ငှက်ဥရှာတွေ့ခဲ့သည့်နေရာ ဖြစ်လေသည်။ ဒါ့အပြင် ယဲဖန်က အရမ်းအစွမ်းထက်လေသည်။ ရှေးဟောင်းသိုင်းပညာအသိုင်းအဝန်းမှာ ယခုကဲ့သို့တွေးတောခြင်းကို နားလည်ပေးနိုင်ပေသည်။ ၎င်းကောလဟကက ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားရခြင်းမှာ တစ်စုံတစ်ယောက်က နောက်ကွယ်၌ ရှိနေတာ ဖြစ်နိုင်လောက်ပေလိမ့်မည်။
.......
ဗီလာထဲ၌
ယဲဖန်ကို ကြည့်ရင်း ကျန်းရွမ်က ပြုံးပြလိုက်လေသည် "သခင်လေးယဲ ပျားရည်စမ်းခရီးထွက်တော့ ဘယ်လို ခံစားရလဲ"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Phiêu lưu"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...