အခန်း (၁၅၇)

1.1K 180 11
                                    

Unicode

"အိုး ဒါမျိုး အရင်က ငါ မြင်ဖူးတယ်၊ ငါတို့အားလုံး ငါးမန်းစီးရမှာလား၊ ငါ​ကော စီးလို့ရလား" ဂျော့ရှ်သည် ကုန်းပတ်​ပေါ်မှာ ရပ်​ပြီး ​အော်​နေခဲ့​လေသည်။

ယဲဖန်သည် သူ့ကို ငါးမန်း​ကျော​ပေါ်သို့ ဆွဲ​​ခေါ်သွားပြီး တင်​ပေးလိုက်​၏။ ဂျော့ရှ်တစ်​ယောက် ​သေ​သေချာချာ ရပ်လိုက်ပြီးမှ သူဟာ ကုန်းပတ်​ပေါ်သို့ ပျံသန်းသွားခဲ့သည်။

ပိုင်ယွင်ရှီသည် ဓါးပျံ​ဖြင့် ​လေထဲပျံသန်း​နေရင်း ယဲဖန်ကို ပြန်ကြည့်လိုက်ပြီး "ယဲဖန် သူတို့တွေကို ​အောက်ပစ်ချလိုက်၊ ငါ ဒီက​နေ လှမ်းဖမ်းလိုက်မယ်"

ယဲဖန်က ​ခေါင်းငြိမ့်လိုက်ပြီး "​ကောင်းပြီ"

ဂျော့ရှ်က ​အော်​ပြောလိုက်​လေသည် "အိုး ​ပေါ့ပါးတဲ့စွမ်းရည်ပဲ၊ ​နောက်ဆုံး​တော့ ငါ ​တွေ့ဖူးပြီကွ၊ သခင်​လေးပိုင် မင်းလည်း ပျံသန်းနိုင်တယ်​ပေါ့၊ ယန်ယန်း​ပြောတာက​တော့ အပျိုစင်​တွေကပဲ ဒီလိုစွမ်းရည်​တွေကို သင်ယူနိုင်တာဆို၊ ဒါဆို မင်းက အပျိုစင်ဖြစ်​နေ​သေးတုန်းပဲ​ပေါ့​​လေ ဟုတ်လား"

ပိုင်ယွင်ရှီ "....."

မုလျန်ဖင်သည် ပိုင်ယွင်ရှီကို အံ့သြသင့်စွာ ကြည့်​နေခဲ့​လေသည်။ ယဲဖန်က ပိုင်ယွင်ရှီကို ကျင့်ကြံ​ရေးနည်းလမ်း​တွေ သင်​ပေး​နေတာကို သူသိ​ပေမယ့် ယဲဖန်က သူ့ကို ပျံသန်းနိုင်​သည့် အစွမ်းထက်​​သော ကျင့်ကြံ​ရေးနည်းလမ်းမျိုးကို သင်​ပေးလိမ့်မယ်လို့​တော့ မထင်ထားခဲ့မိ​ပေ။

ယဲဖန်သည် သင်္ဘော​ပေါ်မှ လူများအားလုံးကို ​အောက်သို့ ပစ်ချခဲ့​ပေသည်။

"​ရှေ့ကလမ်းပြစမ်း" ယဲဖန်သည် ဦး​ဆောင်​နေသည့်ငါးမန်း​ပေါ်သို့ ​ပေါ့​ပေါ့ပါးပါး ဆင်းသက်လာပြီး စိတ်ဝိညာဥ်စွမ်းအားဖြင့် အမိန့်​ပေးလိုက်၏။

ထို့​နောက် ငါးမန်းအုပ်စုကြီးက ​နောက်တွင် နစ်မြှုပ်သွားသည့် အ​ပျော်စီးသင်္ဘောကို ချန်ထားခဲ့ပြီး အရှေ့သို့ အလျင်အမြန် ကူးခတ်​နေခဲ့​ပေသည်။

ဂျော့ရှ်က ​​ပျော်ရွှင်စွာဖြင့် "ဝိုး ငါတို့​တွေက ငါးမန်း​ကျော​ပေါ်မှကွ၊ ငါ အိမ်မက်မက်​နေ​တာ​တော့ မဟုတ်ဘူးမလား၊ ယန်ယန်း ကြည့်စမ်း၊ ငါ ငါးမန်းတစ်​ကောင်ကို စီး​နေတာ၊ အခုဆို ငါက သိုင်းပညာရှင်တစ်ဦးလိုမျိုး ငါးမန်းတစ်​​ကောင်ကို စီး​နေတာကွ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now