Unicode
အတားအဆီးများ မြှင့်တက်လာသည်ကို မြင်တော့ ယန်လိန်ရွယ်သည် စိတ်ရှုပ်ထွေးသွားပြီး "ယဲဖန်က ဘာတွေ သုံးထားတာလဲ၊ သေနတ်တွေတောင် မချိုးဖောက်နိုင်ဘူး"
"အရင်တုန်းက ကျင့်ကြံသူတွေရဲ့ နည်းလမ်းဖြစ်မယ့်ပုံပဲ" ယန်ဟုန်က ပြောလိုက်၏။
ယန်လိန်ရွယ်မျက်နှာက ပြောင်းလဲသွားပေသည်။ ရှေးစာအုပ်တွေရဲ့ မှတ်တမ်းအရဆို အတိတ်တုန်းက ဟွာနိုင်ငံတွင် ကျွမ်းကျင်ပညာရှင်တစ်ချို့ရှိခဲ့ဖူးပေသည်။ သူတို့တွေဟာ ကောင်းကင်တွင် ပျံသန်းနိုင်သလို မြေပြင်တွင်ပါ ငုပ်လျှိုးနိုင်ကြပေသည်။ သူတို့တွေဟာ သဘာဝတရား၏စွမ်းအားကို ထိန်းချုပ်နိုင်ပြီး ကိုယ်ပိုင်မှော်အစွမ်းတစ်ချို့ ပိုင်ဆိုင်နိုင်ကြသည်။ သို့သော်လည်း လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာကတည်းက သူတို့အားလုံးဟာ ပျောက်ကွယ်သွားခဲ့ပေသည်။ ဒီကမ္ဘာပေါ်မှာ ကျန်နေခဲ့တာများလား။ ယဲဖန်က သူတို့ပညာရပ်ကို ဘာလို့သိနေခဲ့တာလဲ။ ယဲဖန်က သူတို့တွေရဲ့ အမွေဆက်ခံသူများလား။ ဒီလိုသာဆိုရင် သူဟာ တကယ့်ကို ကံကောင်းပေသည်။
သူတို့တွေဟာ အစီအရင်ကို မချိုးဖောက်နိုင်မှန်း မြင်တော့ ယန်ဟုန်က အနည်းငယ်စိုးရိမ်သွားခဲ့သည်။ ယဲဖန်က ကောင်းကင်ဘုံဂိုဏ်းမှ ကျီဝန်ကို သတ်ခဲ့တာကြောင့် သူသည် ယဲဖန်ကို အထင်မသေးရဲပေ။
သူဒီကိုလာရသည့်အကြောင်းအရင်းပထမအချက်ကတော့ ဆေးလုံးတွေ၏ ဆွဲဆောင်မှုကြောင့် ဖြစ်ပြီး ဒုတိယအချက်ကတော့ ယဲဖန်ဟာ သန့်စင်ပြီးရင် အားနည်းနေမယ်လို့ ထင်တာကြောင့်ပင် ဖြစ်သည်။ သူသည် ယခုအချိန်၌ အစီအရင်ကို မချိုးဖောက်နိုင်ခဲ့ဘူးဆိုရင် ယဲဖန် ခွန်အားများ ပြန်လည်ရရှိလာသည့်အခါ အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။
"သူပြီးပြီလို့တော့ မထင်ဘူး၊ အစီအရင်တစ်ခုလုံးကို ထိန်းချုပ်နေတဲ့သူက မုလျန်ဖင်ပဲ ဖြစ်မယ်" ယန်လိန်ရွယ်က ပြောလိုက်၏။
ယန်ဟုန်က ခေါင်းခါလိုက်ပြီး "မဟုတ်ဘူး၊ အဲ့ဒါက ပိုင်ယွင်ရှီနေမှာ"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Pertualangan"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...