Unicode
ပိုင်ယွင်ရှီ၏ဖုန်းမြည်လာလေသည်။ သူဖုန်းဖြေလိုက်ပြီး မကြာမီသူ့အမူအရာများ ပြောင်းလဲသွား၏။
"ဘာကိစ္စလဲ" ယဲဖန်က စိုးရိမ်စွာ မေးလိုက်သည်။
ပိုင်ယွင်ရှီက ခေါင်းခါရင်း "ဘာမှမဖြစ်ပါဘူး။ ငါ့အကိုကြီးရဲ့ သမီးလေး နေမကောင်းလို့ပါ။ အလုပ်ပြီးမှပဲ သူမကို သွားကြည့်ရမယ်"
ယဲဖန်က မျက်တောင်ခတ်ကာ "နေမကောင်းတာလား။ ဒါဆို ငါလဲ မင်းနဲ့အတူလိုက်မယ်လေ"
ပိုင်ယွင်ရှီက ခေါင်းခါရင်း "မလိုက်နဲ့ မလို....."
"ဘာလို့လဲ" ယဲဖန်က အံ့သြသွားလေသည်။
"ငါ့အဖိုးလဲ အဲ့ဒီမှာ ရှိနေတယ်။ သူ မင်းကို တွေ့လိုက်ရင် ဒေါသထွက်လာမှာ ကြောက်တယ်" ပိုင်ယွင်ရှီက အလေးအနက်ဆို၏။
ယဲဖန်က သဘောမတူစွာ "မင်းက အတွေးလွန်နေတာ မဟုတ်ဘူးလား။ လူတိုင်းက ကျွန်တော့်ကို နှစ်သက်ပါတယ်။ ပန်းတွေတောင် ကျွန်တော့်ကို တွေ့လိုက်တာနဲ့ ပွင့်လန်းလာကြတာ။ အဲ့လူအိုကြီးက ကျွန်တော့်ကို မကြိုက်ဘူးလို့ ပြောနေပေမဲ့ သူ့စိတ်ထဲမှာတော့ ကျွန်တော့်ကို အများကြီး နှစ်သက်နေမှာပဲလေ။ တစ်ချို့လူကြီးတွေက အဲ့ဒီလိုမျိုးပါပဲ။ သူတို့က အမြဲအော်ငေါက်တတ်ပေမဲ့ နောက်ပိုင်းမှာ တစ်ယောက်ယောက်က ကျွန်တော့်ကို ဒီလိုအော်ငေါက်နေတာက နက်နက်ရှိုင်းရှိုင်းချစ်နေလို့ ဆိုပြီး ပြောခဲ့ဖူးတယ်"
အရင်ဘဝကဆို ပီယွင်ဂိုဏ်းရှိ လူကြီးတော်တော်များများက သူ့အား အပြစ်ရှာခြင်းကို နှစ်သက်ကြပေမဲ့ နောက်ပိုင်းတွင် ထိုလူကြီးများက သူ့အားအတော်လေးသဘောကျတာကို တွေ့ရှိခဲ့ရုံသာမက သူတို့၏တပည့်မလေးများကိုပင် သူ့ကိုယ်လုပ်တော်အဖြစ် လက်ထပ်ပေးရန်ပါ ကြိုးစားခဲ့ကြသေးသည်။
ပိုင်ယွင်ရှီ "....." ယဲဖန်က တကယ့်ကို သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲလွန်းနေတာပဲ။
"မင်းက တောက်ဆရာကျန်းအတွက် သွားပြီး လုပ်ပေးတာ ပိုကောင်းလိမ့်မယ်။ အချိန်အရမ်းကြာသွားလို့ အဲ့လူတွေဆီမှာ နောက်ဆက်တွဲတွေ ပေါ်လာလိမ့်မယ်ဆိုတာ မင်းသိလား" ပိုင်ယွင်ရှီက ပြောသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...