Unicode
ပိုင်ယွင်ရှီ ထွက်လာတော့ ယဲဖန်သည် ကားတစ်စီးပေါ်တွင် အဆောင်တစ်ချို့ကို ကပ်ထားပြီး မန္တန်တစ်ချို့အား ရေရွတ်နေတာကို မြင်လိုက်ရသည်။ ထို့နောက် ပိုင်ယွင်ရှီသည် ကားက လေပေါ်တက်လာသည်ကို တွေ့လိုက်ရ၏။
"ရပ်လိုက်" ပိုင်ယွင်ရှီက လှမ်းအော်လိုက်သည်။
ယဲဖန်သည် ထိတ်လန့်သွားခဲ့သည်။ သူသည် မန္တန်ရွတ်ဆိုနေရင်း လမ်းတစ်ဝက်မှာ ရုတ်တရက် ရပ်တန့်ခံလိုက်ရတာကြောင့် ကားက မြေပြင်ကနေ တစ်စင်တီမီတာလောက်သာ မြှင့်တက်လာပြီး ပြုတ်ကျသွားခဲ့၏။
"မင်းဘာတွေလုပ်နေတာလဲ" ပိုင်ယွင်ရှီသည် ပြေးသွားလိုက်သည်။
"ငါ့ကားအတွက် ပါကင်နေရာမရှိတော့ဘူးလေ။ ဒါကြောင့် ငါ့ကားကို လေထဲ ပေါလောထားထားပြီး အဲ့ဒီမှာ ပါကင်ထိုးထားမလို့လေ"
ပိုင်ယွင်ရှီ "....." မင်းကားကို ပေါလောထားထားမယ်ဟုတ်လား။ ဒီလို ခမ်းနားကြီးကျယ်လှတဲ့နေ့မျိုးမှာကိုလေ။
"လူတွေအများကြီးက ဝင်လိုက် ထွက်လိုက်လုပ်နေတာလေ။ ဓါတ်ပုံရိုက်သွားမှာ မကြောက်ဘူးလား" ပိုင်ယွင်ရှီက မေးလိုက်သည်။
ယဲဖန်က မျက်တောင်ခတ်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည် "သူတို့ဓါတ်ပုံရိုက်သွားခဲ့တော့ကော ဘာဖြစ်လဲ"
ပိုင်ယွင်ရှီ "..... ဘာပဲဖြစ်ဖြစ် ဒီမှာ အဲ့ဒီပညာရပ်တွေ အသုံးမပြုနဲ့။ ငါ့ကို ကားသော့ပေး မင်းအတွက် ငါ ကားပါကင်ထိုးပေးမယ်"
ယဲဖန်က ခေါင်းငြိမ့်ပြီး စိတ်လှုပ်ရှားစွာဖြင့် "ကောင်းပြီလေ၊ ငါ့ကားကို ကြည့်လိုက်စမ်း၊ မင်းကားနဲ့ ဆင်တူတယ်မလား။ မင်းကြောင့်မို့ ငါ ဒါကိုဝယ်ခဲ့လိုက်တာ"
ပိုင်ယွင်ရှီက မျက်လုံးလှိမ့်လိုက်ပြီး "သူတို့က ဘယ်နေရာမှာ တူနေလို့တုန်း" ဒီကောင်က တကယ့်ကို လျော့စျေးတွေပဲ သဘောကျနေတာ။ သရဲခြောက်တဲ့အိမ်ကိုဝယ်တယ်၊ ပြီးတော့ အခုကျတော့ သူ့ Bentleyနဲ့ ပုံသဏ္ဌာန်အရ တူတဲ့ Mini တစ်စီးကို ဝယ်ခဲ့ပြန်ပြီလား။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...