အခန်း (၁၃၆)

3.3K 376 11
                                        

Unicode

"သခင်​လေးယဲ" ဟုတ်အန်းက တံခါး​ပေါက်တွင် ရပ်လျက် ​​တလေးတစားဖြင့် ​ခေါ်လိုက်၏။

ရက်အ​တော်အတန်ကြာသွားပြီး​နောက် ယဲဖန်က သူ့အား ​မေ့လုနီးပါး​တောင် ဖြစ်​နေခဲ့​ပေသည်။

"ဟိုင်း မင်း​ရောက်လာပြီ​ပေါ့၊ ​ဆေးဖက်ဝင်ပစ္စည်း​တွေ​ရော ပြင်ဆင်ပြီးသွားပြီလား" ယဲဖန်က ​​မေးလိုက်၏။

ဟုတ်အန်းက ​ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်ကဲ့ အားလုံးပြင်ဆင်ပြီးသွားပါပြီ"

ယဲဖန်သည် သူ့အားအထက်​အောက် ကြည့်လိုက်ပြီး သံသယဖြင့် "မင်းကြည့်ရတာ အ​ခြေအ​​နေပိုဆိုးလာတဲ့ပုံပဲ၊ မင်းလက်ဆန့်ထုတ်လိုက် တစ်ချက်ကြည့်ကြည့်လိုက်အုံးမယ်"

ဟုတ်အန်းက သူ့လက်အား နာနာခံခံ ဆန့်ထုတ်​ပေးလိုက်သည်။ ယဲဖန်က ၎င်းကို ဆုပ်ကိုင်ပြီး ​သွေး​ကြောစမ်းကြည့်လိုက်​တော့ မျက်​မှောင်ကြုတ်မိသွားခဲ့​သည်။

ဟုတ်အန်းက စိုးရိမ်တကြီးဖြင့် ​မေးလိုက်၏ "သခင်​လေးယဲ ဘာမှား​နေလို့လဲ"

ယဲဖန်ကစိတ်ရှုပ်​ထွေးစွာဖြင့် "မင်း​ဆေးဝါးအများကြီးကို ထပ်မံသုံးစွဲ​နေတာပဲ၊ ကြုံရာကျပန်း​ဆေးဝါး​တွေ မသုံးစွဲနဲ့လို့ ငါမ​ပြောခဲ့ဘူးလား"

ဟုတ်အန်း "ငါ့မိဘ​တွေ​လေ ....."

ကြက်ဥ​တွေကို တူညီသည့် ခြင်း​တောင်းတစ်လုံးထဲမှာ ထည့်ထားလို့မရနိုင်ဘူးဆိုသည့် သ​ဘောတရားအတိုင်းပင် သူ့မိဘများက သူ့အတွက် ကျွမ်းကျင်ဆရာဝန်​​မြောက်များစွာကို ရှာခဲ့ပြီး သူ့အား ​ဆေးဝါးများကို အတင်းသုံးစွဲခိုင်းခဲ့​ပေသည်။ ရလဒ်က​တော့ သူသည် လွန်ခဲ့​သော ရက်အနည်းငယ်​လောက်က ထိတ်လန့်မှု​ကြောင့် လဲကျသွားခဲ့ပြီး အ​ရေး​ပေါ်ကုသ​ရေးအတွက် ​ဆေးရုံသို့ ပို့​ဆောင်ခဲ့ရ​ပေသည်။

သူ့မိဘများက ​ကြောက်လန့်သွားပြီး သူတို့၏​မျှော်လင့်ချက်အားလုံးတို့ကို ယဲဖန်အ​ပေါ်မှာ ထားရှိလိုက်ကာ ယဲဖန့်စာရင်းထဲရှိ ​ဆေးဖက်ဝင်ပစ္စည်းများကို စု​ဆောင်းဖို့ အ​​ကောင်းဆုံးကြိုးစားခဲ့ကြ​​ပေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now