Unicode
ဧည့်ခံပွဲအပြီးတွင် ယဲဖန်သည် သူ့တိုက်ခန်းသို့ ပြန်လာကာ ကျင့်ကြံရန်အတွက် အခန်းတံခါးကို ပိတ်လိုက်သည်။ ဧည့်ခံပွဲပြီးနောက် ယဲဖန်သည် နာမည်ပိုကြီးလာပြီး လူတိုင်းက သူ့အကြောင်းအား စတင်ပြောဆိုလာကြသည်။
"တင်းတင်း ဒီယဲဖန်ကတော့ တကယ်လွန်သွားပီ။ ဒီကောင်က မင်းကို သာမန်မိန်းမတစ်ယောက် ဖြစ်တယ်လို့ ပြောရုံမကဘူး ကျိုးပဲ့နေတဲ့မိုးမခပင် ဖြစ်တယ်ဆိုပြီးပါ လူတိုင်းကို လိုက်ပြောနေတယ်" ကျန့်ရော့က စိတ်တိုစွာ ပြောလိုက်၏။
ချန်ယွီသည် မည်သည့်လျှို့ဝှက်ချက်ကိုမှ မဖုံးကွယ်နိုင်သည့် ကြီးမားသောစပီကာဖုန်းနှင့်တူပေသည်။ နောက်ဆုံးအကြိမ်တုန်းက သူသည် ဧည့်ခံပွဲ၌ အရက်မူးကာ လျောက်တင်းတင်းနှင့် ယဲကျီကျဲတို့၏အိမ်ထောင်ပြုခြင်း အကြောင်းတို့ကို ဖွင့်ပြောပစ်လိုက်သည်။ သူသည် ယဲဖန်က သူ့၏အရည်အချင်းအစစ်များကို ဖုံးကွယ်ထားသည့် ထိပ်တန်းဆရာသခင်တစ်ဦးဖြစ်ကာ သူ၏အခြားဖက်ခြမ်းသည် အဆင့်အတန်းမြင့်မားကြောင်း ပြောခဲ့သည့်အပြင် ယဲဖန်က လျောင်တင်းတင်းလို သာမန်မိန်းမမျိုးကို ဘယ်တော့မှစိတ်မကူးကြောင်းပါ ပြောကြားခဲ့သည်။ ချန်ယွီနိုးလာချိန်၌ သူ့စကားများသည် ပျံ့နှံ့သွားကာ အရမ်းနောက်ကျသွားပြီ ဖြစ်သည်။
အချို့သောအတင်းအဖျင်းစကားများက လူ့အဖွဲ့အစည်းများအကြား ကြီးထွားလာသောခြေလက်များကဲ့သို့ ကျယ်ပြန့်စွာပျံ့နှံ့သွားလေ၏။ လျောက်တင်းတင်းနှင့် ယဲကျီကျဲတို့ကြားရှိစေ့စပ်ကြောင်းလမ်းခြင်းသည် ချမ်းသာသောမိသားစုများအသိုင်းအဝန်းတွင် ကြီးမားသော အကြောင်းအရာဖြစ်ပေသည်။ လျောက်တင်းတင်းသည် ယဲဖန်ထက် ယဲကျီကျဲကို ရွေးချယ်ခဲ့သည့်အချိန်တွင် ယခုလို သတင်းစကားများပါ တစ်ချိန်တည်းထွက်ပေါ်လာခဲ့သည်။
ဟူယုချင်းသည် ကျန့်ရော့ကို စိုက်ကြည့်ပြီး ပြောလိုက်သည် "ကောင်းပြီ။ ကျန့်ရော့ တော်လိုက်တော့" ထို့နောက် သူမသည် စိတ်ထဲတွင် ကျန့်ရော့ကို အရူးမ ဟု ကျိန်ဆဲလိုက်သည်။ ဘာလို့ထုတ်ပြောနေရတာလဲ။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...