Unicode
ယဲဖန် ထွက်လာတော့ ရှောက်ချီကို ဆက်တိုက်အနှောင့်အယှက်ပေးနေသည့် အမျိုးသမီးကို တွေ့လိုက်ရပေသည်။
အမျိုးသမီးကြီးက ဖြတ်သန်းသွားလာနေသည့် လူတိုင်းအား ရှောက်ချီသည် တစ်ဖက်လူဆီမှာ ငွေလက်ခံခဲ့ပြီး သူမ၏သမီးချွေးမလေးကို တစ်ခြားသူက လုယူသွားတာကို ကူညီပေးခဲ့ရလောက်အောင် မကြင်နာတတ်တဲ့သူတစ်ဦးဖြစ်ကြောင်း ပြောဆိုနေခဲ့ပေသည်။
ပြီးတော့ သူမချွေးမက သားသမီးဝတ်ဘယ်လိုကျေပွန်ခဲ့ပြီး သူ့သားနှင့် ချွေးမက ဘယ်လောက်ကောင်းမွန်ကြောင်းပါ ပြောနေခဲ့၏။
သူမချွေးမက ချမ်းသာတာကြောင့် သူမလက်ထပ်ခဲ့သည့်လူက သူမပိုက်ဆံများကို လိုချင်တပ်မက်နေသူတစ်ဦးဖြစ်ကာ ရှောက်ချီကလည်း အဲ့ဒီလူလိမ်ကို ပိုက်ဆံတွေရလာအောင် လူတွေကို လှည့်စားရာမှာ ကူညီပေးနေခဲ့ကြောင်း၊ သူမ၏သနားစရာကောင်းတဲ့ မြေးမလေးက သူ့ပထွေးလက်ထဲကျရောက်တော့မှာကြောင့် သူမ၏အနာဂတ်သည် ဆင်းရဲဒုက္ခများဖြင့် နေထိုင်သွားရပေတော့မည် ဖြစ်ကြောင်း အစရှိသဖြင့် ပြောဆိုနေခဲ့ပေသည်။
ယဲဖန်သည် ဘေးနားတွင် ရပ်နေပြီး တစ်ခဏမျှနားထောင်နေခဲ့ကာ မျက်လုံးများပါ လှိမ့်သွားလေသည်။
သူမသားနှင့် ချွေးမတို့ မကွာရှင်းခင်တုန်းကတော့ သူတို့တွေက ချွေးမဖြစ်သူအား နေ့တိုင်းနီးပါးကို ပြဿနာရှာနေခဲ့ပေသည်။ အဝတ်ဗီဒိုတစ်လုံးဝယ်ထားပြီးသားကို အပိုတွေထပ်ဝယ်လာခဲ့ကြောင်း၊ အပျက်မလို နေ့တိုင်း ဝတ်ကောင်းစားလှတွေဝတ်စားပြီး ဆံပင်အဝါရောင်တွေ ဆိုးထားကြောင်းတို့ကို ပြောဆိုနေခဲ့ပေ၏။
လက်ကိုင်အိတ်တစ်လုံးကို ထောင်နဲ့ချီ ကုန်ကျခံခဲ့တာကြောင့် မယုံနိုင်စရာကောင်းလှအောင် ပြောဆိုခံခဲ့ရသေးပြန်သည်။ သူတို့ကျေးလက်မှာဆို တစ်ထောင်တည်းနဲ့ ပစ္စည်းတွေ ဘယ်လောက်တောင် ဝယ်နိုင်ကြောင်း တစ်ထောင်တည်းနဲ့ ကြက်ဘယ်နှစ်ကောင်လောက်တောင် ရောင်းရမလဲဆိုပြီး ပြောဆိုနေခဲ့၏။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Macera"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...
