Unicode
ရဲကားတစ်ချို့ရောက်လာပြီးနောက် ထိုရဲကားပေါ်မှအမျိုးသမီးရဲအရာရှိလည်း ဆင်းလာခဲ့သည်။ ယဲဖန်ကို မြင်တော့ သူမဟာ ချက်ချင်းပင် ဒေါသထွက်လာခဲ့သည်။
"ယဲဖန် နင်ဒီမှာ ဘာလုပ်နေတာလဲ" ချန်ခယ့်လန်က ဒေါသမျက်နှာဖြင့် ဆိုလာခဲ့သည်။
ယဲဖန်က ချန်ခယ့်လန်ကို ကြည့်ရင်း မျက်တောင်ခတ်လိုက်လေသည် "တစ်ယောက်ယောက်က အဆောက်အဦးပေါ်က ခုန်ချနေတယ်ကြားလို့ ကျွန်တော်က တစ်ချက်လာကြည့်တာ"
"နင်က အပျော်ကြည့်ဖို့ ခံစားချက်ရှိသေးတာလား။ နင် အသိစိတ်ရော ရှိသေးရဲ့လား" ချန်ခယ့်လန်က ဒေါသတကြီးဆိုလာခဲ့သည်။
"ဒါပေမဲ့ ကျွန်တော်တစ်ယောက်တည်း ကြည့်နေတာ မဟုတ်ဘူးလေ" ယဲဖန်က အပြစ်ကင်းစင်စွာ ပြောလာခဲ့သည်။
ချန်ခယ့်လန်က ဝမ်းနည်းစွာဖြင့် "သူတို့က ဒီမှာ နေတာလေ။ ဒီမှာက လမ်းတစ်လျှောက်လုံး အော်ဟစ်ငိုကြွေးနေတာ နင်နဲ့မတူဘူး။ သခင်လေးပိုင်က နင့်လိုအရူးမျိုးနဲ့ ဘာလို့ သူငယ်ချင်းလုပ်လဲဆိုတာ ငါတစ်ကယ်ကို နားမလည်နိုင်ဘူး"
ယဲဖန်က မှုန်ကုပ်ကုပ်ဖြင့် "မင်းနားမလည်တဲ့အရာတွေ ရှိသေးတယ်။ မင်းက ငါ့လိုဥာဏ်ကြီးရှင်ကို အရူးလို့ ဘယ်လိုလုပ်ပြီး စွပ်စွဲပြောဆိုရဲရတာလဲ။ ငါက အရူးဖြစ်နေရင်လဲ မင်းမှာ အရူးလို့ ခေါ်ဖို့ အရည်အချင်းမရှိဘူး"
ချန်ခယ့်လန် "မိမစစ်ဖမစစ်ကောင် ....."
ယဲဖန်သည် ကလေးအား ကြည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် "မင်းက ဘာပဲဖြစ်ဖြစ် ပြည်သူ့ဝန်ထမ်းတစ်ဦးပဲ။ တစ်ယောက်ယောက်က မင်းကယ်တင်ပေးဖို့ စောင့်နေသေးတုန်းလေ။ ငါတို့တိုင်းပြည်က ပန်းပွင့်လေးတွေကို ကယ်တင်ရမယ့်အစား ဒီမှာ ငါနဲ့ စကားလာပြောနေတယ်။ နည်းနည်းမသင့်တော်ဘူးလို့ မထင်ဘူးလား"
ချန်ခယ့်လန်က သူ့အား စိတ်တိုစွာ စိုက်ကြည့်ပြီး လှည့်ထွက်သွားခဲ့သည်။
"ဆရာသခင်ယဲက ချန်မိန်းကလေးကို သိတာလား" ကျန်းစီလျန်က မေးလာ၏။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...