Unicode
ယဲဖန် မြေအောက်ခန်းထဲက ထွက်လာသောအခါ ပိုင်ယွင်ရှီက ထွက်သွားနှင့်လေပြီ ဖြစ်ပြီး ပိုင်ယွင်ကျင်းက ထိုနေရာတွင် စာရွက်စာတမ်းများကို ထိုင်ဖတ်နေခဲ့၏။
"ယွင်ရှီ ဘယ်မှာလဲ" ယဲဖန်က မေးလိုက်၏။
"အဖိုးဆီသွားတယ်၊ မင်းမှာ နောက်ထပ်အစီအစဥ်တွေ ရှိလား" ပိုင်ယွင်ကျင်းက မေးလိုက်၏။
သူသည် ယဲဖန်က တွေ့ဆုံဖလှယ်ပွဲကနေ နတ်သမီးတောင်ပန်းချီကားချပ်ကို ဝယ်ယူခဲ့ကြောင်း ကြားခဲ့ရ၏။ ဒါကြောင့် ယဲဖန်က ပင်လယ်ပြင်ဘက်ကို ထွက်လိမ့်မယ်လို့ ထင်ခဲ့လေသည်။ သူသာ ထွက်သွားမယ်ဆိုလျှင် ယွင်ရှီလဲ လိုက်သွားမည်ဆိုတာ သေချာပေါက်ပင် ဖြစ်၏။
ဟွာရှန်းပွဲကြည့်စင်က အကြီးအကဲသည် ပင်လယ်ပြင်တွင် ဆယ်နှစ်ကျော်လောက် နတ်သမီးတောင်ကို ရှာဖွေနေခဲ့သည်။ ဒါကြောင့် ပိုင်ယွင်ကျင်းသည် သူတို့နှစ်ဦးသား ပင်လယ်ပြင်တွင် အချိန်ကြာညောင်းသည်အထိ လှည့်လည်သွားလာနေရမည်ကို အမှန်တကယ် စိုးရိမ်နေခဲ့လေသည်။
ယဲဖန်က ခေါင်းခါလိုက်ပြီး "ဟင့်အင်း၊ ယာယီတော့ မရှိသေးဘူး"
ထို့နောက် တွေးလိုက်၏ 'ချီကျင့်ကြံခြင်းအဆင့်၉ရောက်မှသာ အခြေတည်ဆေးလုံးက အလုပ်ဖြစ်မှာ၊ ဒါကြောင့် ပိုက်ဆံ အရင်ရှာတာ ပိုကောင်းလိမ့်မယ်၊ အခု နတ်သမီးတောင်အတွက်ကတော့ ကမန်းကတန်းမလှုပ်ရှားတာက ပိုကောင်းပါတယ်လေ'
ပိုင်ယွင်ကျင်းသည် ခေါင်းငြိမ့်လိုက်ပီး ပြောလိုက်၏ "ဟွာရှန်းပွဲကြည့်စင်က ပန်းချီကား ထုတ်ရောင်းလိုက်တယ် ဆိုကတည်းက သူတို့တွေက နတ်သမီးတောင်ကို ရှာဖွေဖို့ အခွင့်အရေး နည်းပါးတယ်လို့ ဆိုလိုတာပဲလေ၊ တခြားလူတွေ လမ်းဖောက်တာကိုပဲ စောင့်နေလိုက်တာ ကောင်းတယ်"
"ယွင်ရှီက အသုံးအဖြုန်းအရမ်းကြီးတာပဲ၊ သူက တချိန်တည်းမှာကို ဘီလီယံတစ်ချို့ သုံးစွဲပစ်လိုက်တာ၊ လတ်တလော ကျွန်တော် ပိုက်ဆံရှာပြီး ဆုံးရှုံးမှုအတွက် ပြန်ဖာထေးတာပဲ ကောင်းမယ်လို့ ထင်တယ်"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Avventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...
