Unicode
မုမိသားစုထဲတွင်
ခြံဝင်းထဲတွင် မတ်တပ်ရပ်နေသော မုရှစ်ယီသည် မုလျန်ဖင်အား ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေခဲ့၏။
"လျန်ဖင် မင်းကျင့်ကြံရေးနည်းလမ်းကို ပြောင်းလိုက်တာလား"
မုလျန်ဖင်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်၊ ကျွန်တော်နဲ့ သင့်တော်မယ့် ကျင့်ကြံရေးနည်းလမ်းတစ်ခုရလာခဲ့လို့လေ"
အရင်က ယန်မိသားစုက လူတွေ ဒီကို ပြဿနာလာရှာတုန်းက မုမိသားစုဝင်အားလုံးတို့သည် သူတို့အား အတူတကွ တိုက်ခိုက်ခဲ့ကြပေသည်။ မုလျန်ဖင်ကို တိုက်ခိုက်ခဲ့သူကတော့ ယန်လိန်ရွယ်ပင် ဖြစ်၏။ ပြီးခဲ့သည့်တစ်ခေါက်တုန်းက ယန်လိန်ရွယ်သည် မုလျန်ဖင်ကို လာရောက်စိန်ခေါ်ခဲ့ပြီး သူ့ခေါင်းကို မြေကြီးပေါ်သို့ တက်နင်းခံခဲ့ရသည်။ ဒီတစ်ခေါက်တွင်တော့ မုလျန်ဖင်က ယန်လိန်ရွယ်ကို မြေကြီးပေါ်သို့ ရိုက်ချခဲ့ပေသည်။
ရှုံးနိမ့်သွားခဲ့သော ယန်လိန်ရွယ်က မုလျန်ဖင်သည် သူ့မိသားစုပိုင်ကျင့်ကြံရေးနည်းလမ်းကို စွန့်ပစ်ပြီး နတ်ဆိုးကျင့်ကြံခြင်းနည်းလမ်းကို လေ့ကျင့်ခဲ့သည်ဟု ထုတ်ဖော်ခဲ့လေသည်။
ယခု မုလျန်ဖင်ကျင့်ကြံသည့်နည်းလမ်းက သူ့မိသားစု၏နည်းလမ်းနှင့် အတော်လေး ကွဲပြားနေခဲ့ရာ အငြင်းပွားမှုအများအပြားကို ဖြစ်ပေါ်စေခဲ့ပေသည်။
"ဝမ်းကွဲအကို စိတ်မပူပါနဲ့၊ ကျွန်တော် မုမိသားစုကနေ ထွက်သွားတော့မှာပါ၊ ကျွန်တော်က မိသားစုကို သိက္ခာကျအောင် မလုပ်ပါဘူး၊ ခေါင်းဆောင်နဲ့ အကြီးအကဲတို့ကိုလည်း အရှက်ရအောင် မလုပ်ပါဘူး" မုလျန်ဖင်က ပြောလိုက်၏။
မျက်မှောင်ကြုတ်ရင်း မုရှစ်ယီက "ခေါင်းဆောင်နဲ့ အကြီးအကဲတွေက စာအုပ်သမားတွေမဟုတ်ပါဘူး၊ သိသိသာသာကို မင်းရဲ့ လက်ရှိကျင့်ကြံရေးနည်းလမ်းက မင်းအတွက် ပိုပြီးသင့်တော်နေတဲ့ဟာ၊ သူတို့တွေ မင်းကို စွန့်ပစ်ဖို့ တွန်းအားမပေးလောက်ပါဘူး၊ ငါတို့မိသားစု တိုးတက်လာသည်နှင့်အမျှ စိတ်ဝိညာဥ်မီးတောက်သစ်သီးကို သုံးစွဲဖို့ သင့်တော်တဲ့ လူတွေက ပိုပိုပြီး နည်းပါးလာကြပြီလေ၊ သင့်တော်လို့ သုံးစွဲလိုက်တယ်ဆိုတဲ့ တစ်ချို့လူတွေတောင် သွက်ချာပါဒဖြစ်ကုန်ကြတာက။ ဖြစ်နိုင်တာကတော့ ငါတို့တွေအတွက် ဘိုးဘေးတွေချန်ထားခဲ့တဲ့ ကျင့်ကြံရေးနည်းလမ်းတွေက မသင့်တော်တော့ဘူးထင်တယ်"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...