Unicode
မြို့တော်အစွန်အဖျားရှိ ဗီလာတစ်လုံးတွင်
ရှစ်ယွဲ့က ဟုရှန်းယိကို မကျေမနပ်ဖြင့် ကြည့်လိုက်ပြီး "ငါ နင့်ကို ယဲဖန်ကို ဘာမှ သွားမလုပ်ပါနဲ့လို့ မပြောခဲ့ဘူးလား၊ အခုကျတော့ ဘာတုန်း"
ဟုရှန်းယိစိတ်ထဲတွင်လဲ နောင်တများ ရနေခဲ့ကာ "ဒါပေမဲ့ ညီမ သူ့ကို ဘာမှ မလုပ်ခဲ့ပါဘူး"
သူမက မာနကြီးတဲ့သူဖြစ်သော်လည်း ပြီးခဲ့သည့်တခေါက်တုန်းက တိုက်ခိုက်ပြီးနောက် သူမက သူအား လုံးဝမယှဥ်ပြိုင်နိုင်ကြောင်းကို သိခဲ့ပေသည်။
ဒါကြောင့် သူမက ရှောက်ချီကို ရွေးချယ်ခဲ့၏။
ရှောက်ချီက ရှေးဟောင်းစာသားများကို အချိန်အတော်ကြာအောင် ဘာသာမပြန်ပေးခဲ့ပေ။ ဟုရှန်းယိက ရှောက်ချီသည် အလုပ်လုပ်တာ နှေးကွေးလွန်းတာကြောင့် အချိန်အတော်ကြာကတည်းက ရှောက်ချီအား မကျေမနပ်ဖြစ်ခဲ့ရသည်။
ယဲဖန်ဆီက အရိုက်နှက်ခံလိုက်ရပြီး ရှောက်ချီနှင့်လည်း ပတ်သတ်မှု ရှိနေတာကြောင့် သူမဟာ သူအား ဒုက္ခပေးဖို့ ဆုံးဖြတ်ခဲ့ပေသည်။ သို့သော်လည်း ရှောက်ချီအိမ်က ဘာမှားယွင်းနေမှန်း သူမ မသိခဲ့ပေ။ သူမသည် ယွဲ့ဟွာမှန်ကို အသက်သွင်းပြီးမကြာခင်မှာပဲ ထူးဆန်းတဲ့ စိတ်ဝိညာဥ်စွမ်းအားတစ်ခုက ၎င်းအား ဝါးမြိုလိုက်တာကြောင့် အပိုင်းပိုင်းအဖြစ် ကွဲသွားခဲ့ရသည်။
"နင်က ငါ့ရဲယွဲ့ဟွာမှန်ကို ခိုးယူဖို့ ဘယ်လိုတောင် သတ္တိရှိနေရတာတုန်း၊ ငါတို့ဆရာကို ငါ ဘယ်လိုမျိုးရှင်းပြလိုက်ရတော့မှာလဲ"
တောက်ပြောင်မှု ကင်းမဲ့နေသည့် မှန်ကို ကြည့်ရင်း ရှစ်ယွဲ့သည် ဟုရှန်းယိကို အရမ်းဒေါသထွက်သွားခဲ့ပေသည်။
ယွဲ့ဟွာမှန်က သူမဆရာလီချင်းရွယ်၏မှော်လက်နက်တစ်ခု ဖြစ်လေသည်။ သူမ ဂိုဏ်းက ထွက်လာတော့ လီချင်းရွယ်က ဟုရှန်းယိကို ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပြီး သူမအား ထိုလက်နက်ကို ငှားပေးခဲ့သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Приключения"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...
