Unicode
တစ်နှစ်ကြာသွားပြီးနောက်
ပိုင်ယွင်ရှီနှင့် ယဲဖန်တို့သည် ကျွန်းပေါ်တွင် တစ်နှစ်ကျော်ကြာအောင် နေထိုင်ခဲ့ပေသည်။ တစ်နှစ်ဆိုတာက အတော်လေးကြာညောင်းသည်ဟု ထင်ရသော်လည်း ကျင့်ကြံသူများအတွက်ကတော့ တစ်ခဏလေးမျှသာ ဖြစ်သည်။
ဒီအတောအတွင်းတွင် ယဲဖန်ဆိုင်နာမည်ကျော်ကြားမှုက ကျွန်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။ အကြိမ်တိုင်း ပစ္စည်းအသစ် စင်ပေါ်တင်လိုက်သည်နှင့် မကြာခင်မှာပဲ ရောင်းကုန်သွားပေလိမ့်မည် ဖြစ်သည်။
"ကောင်းပြီ၊ ရေခဲGanoderma Lucidumသန့်စင်ဖို့အတွက် ကျန်တဲ့ဆေးပင်တွေအားလုံးနီးပါးစုဆောင်ပြီးသွားပြီ၊ ငါ အခုပဲ သန့်စင်လိုက်တော့မယ်" ယဲဖန်က ပြောလိုက်သည်။
ပိုင်ယွင်ရှီသည် ခေါင်းငြိမ့်ပြလိုက်ပြီး "ကောင်းပြီလေ"
ယဲဖန်သည် အနှစ်သုံးရာသက်တမ်းရှိသည့် ရေခဲGanoderma Lucidum ရရှိထားသည်မှာ ကြာလှနေပြီဖြစ်ရာ နောက်ဆုံး၌ သူက စတင်သန့်စင်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
"အနှစ်သုံးရာသက်တမ်းရှိတဲ့ ရေခဲGanoderma Lucidumပဲ၊ တကယ့်ကို ပစ္စည်းကောင်းလေး၊ ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေတောင် စိတ်ဝင်စားကြမှာ" ယဲဖန်က ပြောလိုက်၏။
ပိုင်ယွင်ရှီက ခေါင်းငြိမ့်ပြလိုက်ပြီး "မင်းကိုယ်ပိုင်စွမ်းရည်ကို မင်းနားလည်သွားပြီပေါ့"
ထို့နောက် ယဲဖန်သည် ခေါင်းလေး ငြိမ့်ကာ ဆက်ပြောလိုက်သည် "ဟုတ်တာပေါ့၊ ငါက စွမ်းဆောင်မှုအရှိဆုံး လူတစ်ယောက်ပဲလေ"
ပိုင်ယွင်ရှီ "....."
.......
ယဲဖန်သည် အပြင်ဘက်၌ 'ဆိုင်ပိတ်သည်' ဆိုသည့် စာအား ချိတ်ဆွဲလိုက်လေသည်။
"အဂ္ဂိရတ်ဆရာယဲ မင်းဆိုင်က မဖွင့်ဘူးလား" လီယွဲ့က ရောက်လာပြီး မေးလိုက်သည်။
ယဲဖန်ဒေါသက တခြားအဂ္ဂိရတ်ဆရာများနှင့် ယှဥ်လျှင် အများကြီးနူးညံ့ပျော့ပျောင်းတာကြောင့် ကျွန်းပေါ်တွင် သူက အတော်လေး နာမည်ကြီးပေသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...
