Unicode
"ဦးလေးဖန် ဦးလေးရဲ့ ၁၀ဘီလီယံပရောဂျက်ကြီးရော ဘယ်လို ဖြစ်သွားပြီလဲ" ဝူဟောက်ချန်သည် စပ်စုလိုက်၏။
ထိုအရာကိုကြားတော့ ဝူစီဟန်သည် နားမစွင့်ထားဘဲ မနေနိုင်တော့ပေ။ တကယ်တော့ သူလဲ ယဲဖန်ရဲ့ အခုအကြောင်းကို အလွန်သိချင်နေလေသည်။ ဒါပေမဲ့ သူ့အား သွားမေးရန်မှာလဲ ရှက်ရွံ့နေမိ၏။
ယဲဖန်သည် မေးစေ့ကို ပွတ်သပ်လိုက်ကာ "၁၀ ဘီလီယံလား။ ဒါက နည်းနည်းတော့ ခက်တယ်။ ဒါပေမဲ့ ဦးလေး မြို့တော်မှာ ရောက်တော့ စီးပွားရေးတစ်ချို့ပြုလုပ်ခဲ့တာ ၂၀၀ မီလီယံနီးနီးတော့ စုဆောင်းထားမိတယ်။ အဓိက အကြောင်းပြချက်ကတော့ မင်းဦးလေး ငါက သန်မာလာဖို့ ကြိုးစားရုန်းကန်ချင်စိတ် ရှိနေလို့ပဲ။ ဒါပေမဲ့ မင်းအဒေါ်က ဦးလေးကို ဆွဲချဖို့ ကြိုးစားနေပြီး ထမင်းပျော့ပဲ စားခိုင်းနေတာ(ဘာအလုပ်မှ မလုပ်ခိုင်းဘဲ ပိုင်ယွင်ရှီကပဲ ထောက်ပံပေးမယ့် သဘောပါနော်😁)"
ဝူဟောက်ချန်မျက်လုံးများ ပြူးကျယ်လာပြီး "ထမင်းပျော့စားတာက ကောင်းတဲ့အရာပဲလေ။ သားလဲ အဲ့လိုမျိုး ဖြစ်ချင်တယ် "
"ဒါက တကယ်ကောင်းမွန်တဲ့ အရာဆိုပေမဲ့ အဲ့ဒါက ဦးလေးကို ဦးလေး ရှက်ရွံ့မိသလို ခံစားမိစေတယ်။ အခု မင်းဦးလေးလက်ထဲမှာ ရှိနေတဲ့ စီးပွားရေးတစ်ခုသာ အောင်မြင်သွားရင် ၅၀၀ မီလီယံ ရလာလိမ့်မယ်။ ဒါဆို မင်းကို ဦးလေးက သကြားလုံးအများကြီး ဝယ်ကျွေးမယ်နော်"
ဝူဟောက်ချန် "၅၀၀ မီလီယံ။ ဦးလေးဖန် ကောင်းလိုက်တာ။ သားအဖေဆို အလုပ်အရမ်းကြိုးစားတာတောင် တစ်နှစ်လုံးနေမှ မီလီယံနည်းနည်းလောက်ပဲ ရတာ။ အဖေဆီမှာ သုံးစရာပိုက်ဆံမရှိတော့လို့ တစ်ခါတစ်လေဆို ဘိုးဘိုးရဲ့ထောက်ပံ့ငွေဆီကနေတောင် အမှီပြုနေရသေးတယ်။ ဒါက သားကို အရမ်းတင်းကျပ်စေတာပဲ။ ဦးလေးဖန် ဦးလေးက သားအဖေထက် အများကြီး ပိုတော်တယ်"
ဝူစီဟန် "....." သူ ဘာလို့များ ဒီလိုသားမျိုး မွေးခဲ့ရတာလဲ။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...