အခန်း (၁၅၂)

1K 179 9
                                    

Unicode

မုရှစ်ယီသည် မုလျန်ဖင်ကို စိုးရိမ်တကြီးဖြင့် ရှာ​တွေ့ခဲ့ကာ "လျန်ဖင် ဘာဖြစ်တာလဲ၊ သခင်​လေးယဲက စာတစ်​စောင်ပို့လိုက်တယ်လို့ ကြားတယ်၊ ​ကောင်းကင်ဘုံဂိုဏ်းက မင်းအဖိုးရဲ့ဂျင်ဆင်းကို လွှဲ​ပြောင်း​ခိုင်းတဲ့သတင်း ဖြန့်ခိုင်းထားတာဆို ဟုတ်လား"

မုရှစ်ယီက အနည်းငယ်ထူးဆန်း​နေသလို ခံစားလိုက်ရ​လေသည်။ ​ကောင်းကင်ဘုံဂိုဏ်းတည်ရှိမှုက ထူးခြား​နေခဲ့​ပေသည်။ ​ရှေး​ဟောင်းပညာရပ်ကျင့်ကြံသူများအကြားတွင် ကျီဝန်က ကမ္ဘာနံပါတ်တစ်ဆရာသခင်တစ်ဦးဖြစ်​ကြောင်း ​ကောလဟလတစ်ခု ရှိခဲ့ဖူး​လေသည်။

ထိုကောလဟလက ချဲ့ကားထားတာ ဖြစ်နိုင်​ပေမယ့် ကျီဝန်ရဲ့စွမ်းရည်က​တော့ အငြင်းပွားနိုင်စရာမရှိ​ပေ။ ယဲဖန်က​တော့ စိမ်​ခေါ်ဖို့ လူ​ရွေးတဲ့​နေရာမှာ တကယ့်ကို တော်​ပေသည်။ သူက အ​ကောင်ကြီး​တွေကိုပဲ ​ရွေးချယ်ခဲ့တာပဲ။

မုလျန်ဖင်က ​​ခေါင်းငြိမ့်လိုက်ပြီး "သခင်​​လေးယဲရဲ့ဝမ်းကွဲအကိုက ​လေလံပွဲတစ်ခုမှာ ​သွေးနဂါးဂျင်ဆင်းကို ဝယ်ယူခဲ့​ပေမဲ့ ​ကောင်းကင်ဘုံဂိုဏ်းက တစ်​ယောက်က သူ့ကို ဒဏ်ရာရ​အောင်လုပ်ခဲ့ပြီး လုယူသွားခဲ့တယ်​လေ" ဒါ​ပေမဲ့ ယဲဖန်လိုလူမျိုးက ဒီကိစ္စကို မြိုသိပ်မယ့်လူစားမျိုးမဟုတ်​ပေ။ သူ​သေချာ​ပေါက်ပြန်​ပေးဆပ်ခိုင်းမှာ ဖြစ်​ပေသည်။

မျက်​မှောင်ကြုတ်ရင်း မုရှစ်ယီက ​ပြောလိုက်၏ "ကြည့်ရတာ​တော့ နည်းနည်းခက်ခဲမယ့်ပုံပဲ"

​ကောင်းကင်ဘုံဂိုဏ်းက အရမ်းဆန်းကြယ်သည့် ဂိုဏ်းတစ်ခု ဖြစ်​လေသည်။ ဂိုဏ်းထဲသို့ ဝင်​ရောက်လိုပါက ထိုလူများက တင်းကျပ်သည့် စမ်းသပ်မှုများကို ​ကျော်ဖြတ်ရမည် ဖြစ်​ပေသည်။

​ကောင်းကင်ဘုံဂိုဏ်းတွင် လူအနည်းငယ်သာ ရှိ​သည်။ သူတို့​တွေဟာ ဆယ်စုနှစ်ကြာမှ တပည့် တစ်​ယောက်၊ နှစ်​ယောက်ကိုသာ လက်ခံခဲ့​သည်။ လွန်ခဲ့သည့်အနှစ်၂၀၀​လောက်တုန်းက ​ကောင်းကင်ဘုံဂိုဏ်းဟာ ဆက်နွယ်မှုမရှိ​တော့တာ​ကြောင့် အ​မွေဆက်ခံမှု ဆုံးရှုံးလုနီးပါးပင် ဖြစ်ခဲ့ရ​သည်။ အထူးတည်​ဆောက်ပုံရှိသူများကသာ သူတို့ကျင့်ကြံ​ရေးနည်းလမ်းများကို ကျင့်ကြံနိုင်မည့်ပုံ​ပေါ်​လေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now