အခန်း (၁၁၈)

3.4K 374 4
                                        

Unicode

ယဲဖန်သည် လူအုပ်ကြီး၏စောင့်ကြပ်မှုအောက်မှာတင်ပဲ မင်္ဂလာခန်းဝင်ပစ္စည်းများကို ပို့ဆောင်ရန် ပိုင်အကြီးအကဲအိမ်သို့ သွားရောက်ခဲ့ပေသည်။

ထိုပစ္စည်းများကို လက်ခံခဲ့ပြီးနောက် ပိုင်ရှစ်ယွမ်သည် ထိုအရာများကို ဘယ်သူကိုမှ ဖွင့်ခွင့်မပြုခဲ့ပေ။ သူသည် ၁၀၀ မီလီယံစီ ပါဝင်တဲ့ရွှေရောင်ကတ် ၁၀ကတ်ကိုသာ ထုတ်ယူခဲ့ပြီး ဤအရာများကို ပစ္စည်းကောင်းတွေပဲဟု ဆိုလိုက်၏။ ဒါကြောင့် ယဲဖန်က မင်္ဂလာခန်းဝင်ပစ္စည်းအဖြစ် ၁၀ ဘီလီယံကို ပေးခဲ့သည့် သတင်းက ပျံ့နှံ့သွားခဲ့ပေသည်။ ထိုသတင်းကိုကြားလိုက်သည့် လူတိုင်းက အံ့သြသွားကြလေတော့သည်။

ထိုအချိန်တွင် ရှောက်ချီက အထဲဝင်လာခဲ့ပြီး "အပြင်ဘက်မှာ တက်ကြွနေကြတာပဲ။ မင်း အပြင်မထွက်ဘူးလား"

ပိုင်ရှစ်ယွမ်က လက်အားဝှေ့ယမ်းလိုက်ပြီးနောက် ပြောလိုက်လေသည် "ဟင့်အင်း"

"ဘာလို့လဲ"

ထို့နောက် ပိုင်ရှစ်ယွမ်သည် သေတ္တာထဲကနေ လိပ် ၂ကောင်ကို ထုတ်ယူလိုက်ပြီး "ယဲဖန် ပေးထားတာလေ။ သူ့ခေါင်းထဲမှာ ဘာတွေရှိနေလဲဆိုတာ ငါ တကယ်စဥ်းစားလို့ကို မရဘူး"

ရှောက်ချီ၏ နှုတ်ခမ်းထောင့်နားက တွန့်သွားပြီး "ဒါက သန့်စင်တဲ့ရွှေပဲ၊ ပစ္စည်းကောင်းတွေပဲလေ၊ မင်း အဲ့ဒါတွေကို ဖယ်ရှားထားသင့်တယ်"

ထိုအရာများကို တစ်ခြားတစ်ယောက်ကသာ ပေးမယ်ဆိုလျှင် ရှောက်ချီက စိတ်အနှောင့်အယှက်ဖြစ်သလို ခံစားနေရပေလိမ့်အုံးမည်။ ဒါပေမဲ့ ယဲဖန်ဆီက ဆိုရင်တော့ သူက ထိုအရာများက ထူးဆန်းတယ်ဆိုတာ လုံးဝရှာမတွေ့ခဲ့တော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယဲဖန်က ထူးဆန်းသည့်အရာများကို မပေးမှသာလျှင် ထူးဆန်းနေသလိုမျိုးတောင် ခံစားနေရပေလိမ့်အုံးမည်။

ပိုင်ရှစ်ယွမ်က မျက်လုံးလှိမ့်ပြလိုက်ပြီး "အဲ့ဒီမျိုးမစစ်ကောင်ယဲဖန်က ငါ ဒေါသထွက်တာကို ပျော်မြူးချင်နေတာလေ"

"သူက မင်းကို အသက်ရှည်ရှည်နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးချင်လို့ လိပ်တွေပို့လိုက်တာနေမှာပါ" ရှောက်ချီက ပြောလိုက်၏။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now