Unicode
ယဲဖန်သည် ရေခဲဓါးကျွန်းပေါ်တွင် ဆိုင်တစ်ဆိုင်ကို ဝယ်ယူလိုက်သည်။ ကျွန်းပေါ်ရှိ ဆိုင်စျေးနှုန်းက လော့ရှားမြို့ငယ်ကထက် များစွာ ပိုမြင့်လေသည်။ ဒါပေမဲ့ နှိုင်းယှဥ်ရလျှင် ယဲဖန်ဟာ လော့ရှားမြို့ကထက် အများကြီး ပိုချမ်းသာလာလေသည်။ ယေဘုယျကျကျပြောရလျှင် သူ့အခြေအနေက အများကြီး ပိုမိုကောင်းမွန်လာပေသည်။
ယဲဖန်သည် ဆိုင်ကို ဝယ်ယူပြီးနောက် ရေခဲသလင်းကျောက်များဖြင့် စျေးသတ်မှတ်ခဲ့သည်။
ယဲဖန်ဆိုင်၏တမူထူးခြားတဲ့ နည်းလမ်းက ကျင့်ကြံသူအတော်များများကို သူ့ဆေးလုံးများ ဝယ်ယူရန် ဆွဲဆောင်နိုင်ခဲ့ပေသည်။
"မျက်နှာမည်းကောင်ရဲ့ သိုလှောင်လက်စွပ်ထဲမှာ မှော်လက်နက်တွေ အများကြီးရှိတာပဲ၊ သူ တခြားလူတွေကို သတ်ပြီးတော့ ရလာတာတွေ ဖြစ်လိမ့်မယ်၊ အများစုက အသုံးမဝင်ဘူး၊ ငါတို့တွေ ရောင်းစားလိုက်ရင်ကော ဘယ်လိုလဲ" ယဲဖန်က မေးလိုက်၏။
ပိုင်ယွင်ရှီက ခေါင်းခါလိုက်ပြီး "မလုပ်နဲ့"
ပိုင်ယွင်ရှီသည် ထိုမျက်နှာမည်းကျင့်ကြံသူ၏နောက်ခံကို တိတ်တဆိတ်စုံစမ်းကြည့်လိုက်ရာ ထိုလူက သွေးအရိပ်ဘိုးဘေး၏တပည့်တစ်ဦးဖြစ်ကြောင်း သိရှိလိုက်ရသည်။ သူက ရှေးဟောင်းပစ္စည်းကို အလွန်အမင်းသဘောကျသူတစ်ဦးဖြစ်လေသည်။ ရွမ်မင်ဂိုဏ်းက အဲ့ဒီလူသေသွားသည်ကို မသိသေးတာ ဖြစ်ပေလိမ့်မည်။ သူတို့သာ သိသွားမယ်ဆိုလျှင် ထိုအကြောင်းကို စုံစမ်းမေးမြန်းမှာ သေချာပေါက်ပင်ဖြစ်သည်။
ထိုသို့သာဆိုပါက သူ့ပစ္စည်းများကို မရောင်းချသင့်ပေ။ ၎င်းတို့က ထိုလောက်ကြီးလည်း အဖိုးမတန်လှပေ။
ယဲဖန်က ခေါင်းငြိမ့်ပြလိုက်ပြီး "ကောင်းပြီလေ"
ယဲဖန်ဆိုင်ဖွင့်ပြီး မကြာခင်မှာပဲ သူတို့တွေဟာ ရေခဲသလင်းကျောက်အမြောက်အများကို ရရှိလာခဲ့ပေသည်။
.......
"ရသွားပြီ" ယဲဖန်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Avventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...
