Unicode
ချိုက်ကျန်ကျွင်းသည် သောက်စရာများဖြင့် ပြန်ရောက်လာပြီးနောက် ယဲဖန်အား ဘယ်မှာမှ ရှာမတွေ့ခဲ့သောကြောင့် "အားယင် သခင်လေးယဲ ဘယ်သွားလဲဆိုတာ တွေ့မိသေးလား"
"ဟိုမှာလေ" လုယင်သည် ယဲဖန်ကို ညွှန်ပြလိုက်၏။
ချိုက်ကျန်ကျွင်းက ယဲဖန်သည် ဒါရိုက်တာဘေးသို့ အမှန်တကယ် ရောက်ရှိနေတာကို သတိပြုမိသွားခဲ့သည်။
"ဒါရိုက်တာကြီး ငါက လော့ချင်းချန်ဇာတ်ကောင်အတွက် အတော်လေးအဆင်ပြေတယ်လို့ မထင်ဘူးလား" ယဲဖန်သည် ဒါရိုက်ကြီးအား တောက်ပနေသော မျက်လုံးများဖြင့် မေးလိုက်သည်။
"ဘာကြောင့်လဲ" ဒါရိုက်တာက အေးစက်စွာ မေးလာ၏။
"ပထမဆုံး ဒီလော့ချင်းချန်က ရုပ်ချောတယ်၊ ငါလဲရုပ်ချောတယ်လေ။ ဒုတိယအနေနဲ့ကတော့ လော့ချင်းချန်က အရမ်းစွမ်းအားကြီးတယ် ငါရောပဲလေ"
ဒါရိုက်တာက သူ့အား ဆွံအစွာ ကြည့်နေမိ၏ "မင်း ဘယ်အနုပညာကျောင်းကနေ ဘွဲ့ရလာတာလဲ။ တီဗီဇာတ်လမ်းတွဲတွေ ဒါမှမဟုတ် ရုပ်ရှင်တွေထဲမှာ ပါဝင်ဖူးလား"
ယဲဖန်က ခေါင်းယမ်းလိုက်ပြီး "အရင်က တစ်ခါမှ သရုပ်မဆောင်ဖူးဘူး။ ဘယ်အနုပညာကျောင်းဆင်းမှလဲ မဟုတ်ဘူး"
"ဒါဆို ထွက်သွားတော့" ထို့နောက် ဒါရိုက်တာသည် သူ့စိတ်ထဲ တွေးနေမိ၏ 'ဒီကောင်ကို အထဲဘယ်သူဝင်ခွင့်ပြုလိုက်တာလဲ။ ဒီမှာ ငါ့ကို ဒုက္ခပေးမလို့ မဟုတ်ဘူးလား'
ယဲဖန်သည် ဒါရိုက်တာကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်လာပြီး "ဒါရိုက်တာကြီး ငါတို့တွေ စကားပြောကြရအောင်လို့"
ချိုက်ကျန်ကျွင်းက ယဲဖန်လက်ကို လှမ်းကိုင်လိုက်ပြီး "သခင်လေးယဲ ရှုပ်ထွေးပွေလီနေတာကို ရပ်လိုက်ပါတော့"
ယဲဖန်က သူ့လက်အား ယမ်းလိုက်ပြီး "အသစ်လေး ပါးစပ်ပိတ်ထားလိုက်၊ ငါ ဇာတ်လမ်းတွဲထဲမှာ ဇာတ်ကောင်တစ်ခုအကြောင်း ပြောနေတာ မမြင်ဘူးလား"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...