အခန်း (၁၂၉)

1.3K 222 2
                                    

Unicode

မြို့​တော်၏ အစွန်အဖျားရှိ ဗီလာတစ်လုံးထဲတွင်

"စီနီယာအစ်မ ဒီ​နေ့ ညီမကို ရိုက်ခဲ့တဲ့ လူက တကယ့်ကို မျိုးမစစ်​တစ်​ကောင်ပဲ" ဟုရှန်းယိသည် အံကြိတ်လျက် ​ပြောလိုက်သည်။

ဟုရှန်းယိသည် လစန္ဒာနန်း​တော်တွင် ကြီးပြင်းခဲ့​ပေသည်။ လစန္ဒာနန်း​တော်ရှိအကြီးအကဲများ၏လွှမ်းမိုးမှုများ​ကြောင့် သူမတွင် မာန​ထောင်လွှားသည့် ပင်ကိုစရိုက်မျိုး ​ပေါ်​ပေါက်လာခဲ့သည်။

ဟုရှန်းယိ ထွက်လာတုန်းက သူမသည် အမျိုးသားကရာ​တေးဗိုလ်လုပွဲကို ​တွေ့လိုက်ရ၏။ ချန်ပီယံသည် ကမ္ဘာ့ထိပ်တန်းဆရာကြီးတစ်ဦးဖြစ်​ကြောင်း ပရိသတ်များ၏ချီးကျူးမှုများကို သူမကြားလိုက်ရ​တော့ နှာရှုပ်လိုက်​လေသည်။

ထို့​နောက် သူမသည် ချန်ပီယံနှင့် တိုက်ခိုက်ဖို့ အခွင့်အ​ရေးတစ်ခု ရှာ​တွေ့ခဲ့ပြီး အလွယ်တကူ အနိုင်ရသွားခဲ့သည်။ ​နောက်ကျ​တော့ ဟုရှန်းယိသည် သာမာန်လူများအ​ပေါ် ပိုပိုပြီး အထင်မြင်​သေးလာခဲ့​ပေသည်။

ရုတ်တရက် ယဲဖန်ဆီမှ တိုက်ခိုက်မှုကို ခံလိုက်ရ​တော့ သူမစိတ်ထဲတွင် အနည်းငယ်မသက်မသာ ခံစားလိုက်ရ​​သည်။

ရှစ်ယွဲ့က သူမကို တစ်ချက်ကြည့်လိုက်ပြီး "အဲ့ဒီလူကို ​စော်ကားဖို့ ငါတို့​တွေ မတတ်နိုင်ဘူး"

ဟုရှန်းယိက ညည်းညူးလိုက်၏ "စီနီယာအစ်မက သူ့အတွက် ဘယ်လိုလုပ်ပြီး စကား​ပြော​ပေး​နိုင်ရတာလဲ၊ ညီမက သူ့ပြိုင်ဘက်မဖြစ်နိုင်​ပေမဲ့ ညီမတို့ ဆရာက​တော့ မဟုတ်ဘူး​လေ"

"​ရှေး​ဟောင်းသိုင်းပညာကျင့်ကြံသူမိသားစုကြီး​​လေးစုထဲက ယန်မိသားစုကို နင် သိလိမ့်မယ်လို့ ငါ ထင်တယ်"

ဟုရှန်းယိသည် ​ခေါင်းငြိမ့်လိုက်ပြီး "သိတယ်၊ သူတို့​​တွေရဲ့ နာမည်ကို ကြားဖူး​နေတာ ကြာပြီ​လေ အစ်မ၊ ယန်မိသားစုက ပြီးခဲ့တဲ့ နှစ်အနည်းငယ်​အ​တောအတွင်းမှာကို တိုးတက်​ကောင်းမွန်လာပြီး ကျန်မိသားစုကြီးသုံးစုက​တောင် မယှဥ်နိုင်ဘူးလို့​တောင် ညီမကြားခဲ့တယ်​"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now