Unicode
ရေခဲဓါးကျွန်းပေါ်သို့ အဂ္ဂိရတ်ဆရာများရောက်လာသည်မှာ ရှားပါးသောကိစ္စရပ်တစ်ခုပင် ဖြစ်သည်။ အများစုမှာ မီးကျင့်ကြံရေးကို အဓိကယူထားတာကြောင့် တစ်နှစ်ပတ်လုံး အေးခဲပြီး နှင်းများဖုံးလွှမ်းနေသောရေခဲဓါးကျွန်းက သူတို့အား စိတ်မသက်မသာခံစားရစေသည်။
ယဲဖန်ဆေးဆိုင်ဖွင့်လှစ်ပြီးနောက် သူတို့တွေဟာ နေ့စဥ်နေ့တိုင်းစျေးဝယ်အများအပြားကို လက်ခံနေခဲ့ရသည်။ ယဲဖန်သည် အမှာဆေးလုံးအမျိုးမျိုးကို လက်ခံခဲ့ရာ ဆိုင်လုပ်ငန်းက အရှိန်အဟုန်တိုးတက်လာခဲ့သည်။
ယဲဖန်က ဓါးဝိညာဥ်ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်သည့် သတင်းပျံ့နှံ့သွားပြီးနောက် ကျင့်ကြံသူအများအပြားဟာ ဓါးသဏ္ဌာန်ဆေးပင်များကို ယူဆောင်လာခဲ့ကြသည်။
ရေခဲဓါးကျွန်းပေါ်တွင် ကျွမ်းကျင်သော အဂ္ဂိရတ်ဆရာတစ်ဦးရှိသည့် သတင်းက ကျွန်းတစ်ခုလုံးကို အလျင်အမြန်ပျံ့နှံ့သွားခဲ့သည်။
တစ်နေ့တွင် ယဲဖန် ဆိုင်ထဲ၌ ရှိနေစဥ်
"အဂ္ဂိရတ်ဆရာယဲ၊ တောက်ဆရာပိုင် အထဲမှာ ရှိလား" အမျိုးသမီးကျင့်ကြံသူတစ်ဦးက မေးလာခဲ့သည်။
"ဒါနဲ့ ဒီဆေးပုလင်းက ဘယ်လောက်လဲ"
"ရေခဲသလင်းကျောက်တစ်ရာ" ယဲဖန်က ပြောလိုက်၏။
အမျိုးသမီးကျင့်ကြံသူတစ်ဦးက တစ်ခဏမျှတန့်သွားပြီးနောက် "ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက နှစ်ဆယ်ပဲ ရှိတာလေ"
ယဲဖန်က ခေါင်းစောင်းလိုက်ပြီး "အိုး စျေးတက်သွားတာလေ"
"နောက်ရက်ကျရင် စျေးကျနိုင်လောက်လား" အမျိုးသမီးကျင့်ကြံသူက မေးလိုက်သည်။
"မသိဘူး၊ ဒါက ငါ့စိတ်အခြေအနေပေါ်မူတည်တယ်၊ ငါ့စိတ်အခြေအနေမကောင်းရင် စျေးတက်လိမ့်မယ်၊ ငါ စိတ်အခြေအနေကောင်းတယ်ဆိုရင်တော့ ဖြစ်နိုင်လောက်ပါတယ်" ယဲဖန်သည် သူ့မေးစေ့ကို လက်တစ်ဖက်ဖြင့် ကိုင်ထားရင်း ပြောလိုက်၏။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Приключения"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...
