Unicode
ကျောက်ရှီအုပ်စု၏အရှေ့ကောင်တာတွင်
"တဆိတ်လောက်ခင်ဗျာ မစ္စတာပိုင်အထဲမှာ ရှိလား။ နေ့လည်သုံးနာရီမှာ ကျွန်တော်တို့ တွေ့ဖို့ ချိန်းထားလို့ပါ" ကျန်းစီလျန်က မေးသည်။
အရှေ့ကောင်တာမှအမျိုးသမီးသည် ခေါင်းငြိမ့်ကာ "ဟုတ်ကဲ့ မစ္စတာကျန်းလားရှင့်။ ဥက္ကဋ္ဌပိုင်က အပေါ်ထပ်မှာပါ။ သူ မစ္စတာကျန်းကို စောင့်နေပါတယ်"
ကျန်းစီလျန်က ခေါင်းငြိမ့်ရင်း "ကောင်းပြီ။ ကျေးဇူးပဲနော်"
ကျန်းစီလျန်သည် မြို့တော်သို့ ရောက်ပြီးမကြာမီ မစ္စတာပိုင်ဆီမှ ဖုန်းတစ်ခု လက်ခံရရှိခဲ့သည်။
မြို့တော်တွင် ပိုင်မိသားစုသည် အကျော်ကြားဆုံး မိသားစုပင်ဖြစ်သည်။ ကျန်းစီလျန်တွင် ပိုက်ဆံအနည်းငယ်ရှိသော်လည်း ပိုင်မိသားစု၏ မြင့်မြတ်သော တတိယသခင်လေးက သူ့ကို လူကိုယ်တိုင်တွေ့ဆုံရန် ဖိတ်ကြားလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။ သူသည် မြှောက်ပင့်သလို ခံစားရပြီး အနည်းငယ်လည်း စိတ်ရှုပ်ထွေးသွားလေသည်။
ကျန်းစီလျန်သည် ဓါတ်လှေကားစီးကာ ဥက္ကဋ္ဌရုံးခန်းသို့ သွားခဲ့သည်။
ကျန်းစီလျန်သည် အထဲသို့ ဝင်သွားသောအခါ ချောမောပြီး ဂုဏ်သိက္ခာရှိသော မစ္စတာပိုင်အား တွေ့လိုက်ရ၏။
ပိုင်ယွင်ရှီသည် ငယ်ရွယ်သော်လည်း သူ့အား မိသားစုကြီးများမှ မိန်းမပျိုများက ပစ်မှတ်ထားနေကြသည်။ လူတော်တော်များများက ပိုင်မိသားစု၏တတိယအိမ်ရှင်မ ဖြစ်ချင်နေကြသည်။ သို့သော်လည်း ပိုင်ယွင်ရှီက သူတို့အားလုံးကို စိတ်မဝင်စားဘူးဆိုတာ ဘယ်သူက သိမှာလဲ။
ကျန်းစီလျန်အား အံ့သြသွားစေသည်မှာ ပိုင်ယွင်ရှီဘေးရှိ လှည့်ကုလားထိုင်တွင် တစ်ခြားလူတစ်ယောက်ရှိနေခြင်းပေ။ ထိုလူက သူ့အားကျောပေးထားကာ သူ့ခြေထောက်က တစ်ခြားဖက်ရှိ စာအုပ်စင်ပေါ်တင်ထားရင်း ရေခဲမုန့် စားနေသည်။
![](https://img.wattpad.com/cover/359449014-288-k656257.jpg)
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...