အခန်း (၁၁၀)

1.9K 319 9
                                    

Unicode

"မင်း ဒီမှာ ဘာလုပ်နေတာလဲ" ပိုင်ယွင်ရှီသည် အေးစက်သောမျက်နှာထားဖြင့် ဝင်လာခဲ့သည်။

ယဲဖန်သည် လက်နောက်ပစ်ပြီး အပြစ်ကင်းစင်စွာဖြင့် မျက်တောင်ခတ်လိုက်ပြီး "ဒီက လူတိုင်းက ငါ့ကို လျစ်လျူရှုနေကြတာ။ တစ်ယောက်မှ ငါ့ကို စကားမပြောချင်ကြဘူး။ ဒါကြောင့် ငါ လမ်းပတ်လျှောက်နေရင်း ဒီကို မတော်တဆ ဝင်လာမိခဲ့တာလေ"

"သခင်လေးမု မင်းကို အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်" ပိုင်ယွင်ရှီသည် မုလျန်ဖင်အား တောင်းတောင်းပန်ပန်ပြောလိုက်သည်။

မုလျန်ဖင်က ခေါင်းခါလိုက်ပြီး "ဒါ အဆင်ပြေပါတယ်"

ပိုင်ယွင်ရှီသည် မူးလဲနေသော သူနာပြုအား ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည် "သူမ ဘယ်လိုလုပ် မေ့လဲသွားတာလဲ"

ပိုင်ယွင်ရှီနောက်တွင် ရပ်နေသော ယဲဖန်သည် မုလျန်ဖင်အား 'no' ဆိုတဲ့ အမူအရာတစ်ခု လုပ်ပြလိုက်သည်။

"သူမ အရမ်းပင်ပန်းသွားတာ ဖြစ်လိမ့်မယ်" မုလျန်ဖင်က ပြောလိုက်သည်။

ယဲဖန်သည် ကျေနပ်စွာဖြင့် လက်မထောင်ပြလိုက်သည်။

ထ်ု့နောက် မုလျန်ဖင်က မေးလိုက်သည် "သခင်လေးပိုင် ဒါက ....."

ပိုင်ယွင်ရှီက ကိုးရိုးကားရားဖြင့် "သူ့နာမည်က ယဲဖန်။ သူက ကျွန်တော့်ရဲ့ ... ချစ်သူကောင်လေးပါ၊ နေရာတကာ ပြဿနာရှာရတာကို ကြိုက်တယ်လေ" {ယွင်ရှီ ရှာလကာရည်အိုးမှောက်သွားလို့ထင်တယ် ချစ်သူကောင်လေးတဲ့ 😁😁}

မုလျန်ဖင်သည် ပိုင်ယွင်ရှီအား အရူးတစ်ယောက်လိုမျိုး စိုက်ကြည့်နေမိလေသည်။ ချစ်သူကောင်လေးလား။ ဒါဆို ပိုင်မိသားစုရဲ့ တတိယသားက ဂေးလား။

ယဲဖန်သည် မကျေမနပ်ဖြင့် "ယွင်ရှီ မင်း ဘာအကြောင်းတွေပြောနေတာလဲ။ ငါ ပြဿနာရှာရတာ မကြိုက်ပါဘူး"

ပိုင်ယွင်ရှီ "....."

"သခင်လေးပိုင် ငါ ဗိုက်နည်းနည်းဆာနေပြီ။ ငါ့အတွက် စားစရာလေး ယူလာပေးလို့ ရမလား" မုလျန်ဖင်က မေးလိုက်၏။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now