Unicode
ဗီလာထဲ၌
"သခင်လေးယဲ ဖိတ်စာကတ်လုပ်နေတာလား" ရှုယွမ်ချင်က အပြုံးလေးနှင့် မေးလာ၏။
ယဲဖန်က ခေါင်းငြိမ့်လိုက်ရင်း "ဟုတ်တယ်၊ ဒီမှာက ကျွန်တော့်မိတ်ဆွေအများကြီး မရှိဘူးလေ။ ဒါကြောင့် ကျွန်တော် လူနည်းနည်းလောက်ပဲ ဖိတ်မှာ"
"ငါ မင်းနဲ့ ဒီမှာ အားဖြည့်ဆေးလုံးအကြောင်း ပြောမလို့လေ၊ ငါ့ကို နည်းနည်းလောက် ရောင်းပေးနိုင်မလား" ရှုယွမ်ချင်က မေးလိုက်၏။
မုလျန်ဖင်က ရှုယွမ်ချင်ကို မာရီဒန်ချိတ်ဆက်ဆေးလုံးကို ကူညီပေးဖို့ တောင်းဆိုခဲ့သော်လည်း ရှုယွမ်ချင်ကတော့ တစ်ခြားတစ်ခုကိုသာ ပိုစိတ်ဝင်စားခဲ့သည်။ မုမိသားစုနှင့် နှိုင်းယှဥ်ရလျှင် ရှုယွမ်ချင်က သဘာဝအတိုင်းပဲ သူ့မြေးကို ပိုဂရုစိုက်ပေသည်။
မုလျန်ဖင်က အနည်းငယ် ရိုးသားလွန်းသည်ဟု ရှုယွမ်ချင်ကတော့ ထင်သည်။ ပြီးခဲ့သည့်တစ်ခေါက်က ယဲဖန်ပေးခဲ့သည့် ဆေးလုံးနှစ်လုံးဆိုလည်း သူက သူတို့ဆီသို့ အကုန်လုံးကို လွှဲပြောင်းပေးအပ်ခဲ့သည်။
မုမိသားစုတွင် လူအများကြီးရှိပြီး သူ့မြေး၏အရည်အချင်းက အကောင်းဆုံးထဲတွင် မပါဝင်ခဲ့ပေ။ မုမိသားစုက မီးတောက်သစ်သီးနှင့် လဲလှယ်ဖို့ သဘောတူခဲ့ရင်တောင် ထိုအထဲတွင် သူ့မြေးဝေစု ပါနိုင်ပါ့မလား။
ယဲဖန်သည် ရှုယွမ်ချင်ကို ကြည့်ပြီး ပြုံးပြလိုက်၏ "မုလျန်ဖင်အတွက်လား"
ရှုယွင်ချင် "ဟုတ်တယ်"
မုလျန်ဖင်က ဘာတစ်ခွန်းမှ မပြောခဲ့သော်လည်း သူ့မြေးက ယန်လိန်ရွယ်၏ကိစ္စရပ်အပေါ် တွင် စိတ်ရှိနေသေးကြောင်း ရှုယွမ်ချင်က သိပေသည်။ ဒါပေမဲ့ သူ့လက်ရှိစွမ်းရည်နှင့်သာဆို သူမထံမှ အကြွေးဘယ်တော့မှ ပြန်ရနိုင်မှာ မဟုတ်တော့ပေ။
ရှုယွမ်ချင်က ယန်လိန်ရွယ်ကို အရိုးထဲထိအောင် မုန်းတီးနေခဲ့သော်လည်း ယန်လိန်ရွယ်၏စွမ်းရည်ကိုတော့ အသိအမှတ်ပြုရမည် ဖြစ်သည်။
"ဆေးလုံးက ဒုတိယဦးစားပေးအကြောင်းအရာတစ်ခုပါ။ ရှေးဟောင်းပညာရပ်မှတ်တမ်းတစ်စုံနှင့် လဲလှယ်လိုက်တာက ပိုကောင်းတာနော်" ယဲဖန်က အကြံပြုလိုက်သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...