Unicode
ယဲဖန်သည် ဗီလာအောက်ရှိ လျှို့ဝှက်ခန်းထဲတွင် စိတ်ဝိညာဥ်ဆေးပင်များကို ဟိုရွှေ့ဒီရွှေ့လုပ်နေခဲ့ကာ စိတ်အခြေအနေမှာ ကောင်းမွန်နေခဲ့ပေသည်။
သူ့ကို ကြည့်ပြီး ပိုင်ယွင်ရှီသည် သူ့အကြည့်ကို ဘေးဘက်သို့ ရွှေ့လိုက်ပြီး "ကောင်းမွန်တဲ့ ရိတ်သိမ်းမှုပဲ"
ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်၊ ငါ သွေးနဂါးဂျင်ဆင်းကို ပြန်ရလာခဲ့ရုံတင်မကဘူး ရေခဲဝိညာဥ်သစ်သီးပါ ရလာခဲ့တယ်၊ ငါးကြေးခွံမြက်နဲ့ သွေးကျသစ်သီးကိုသာ ရှာတွေ့ခဲ့ပြီဆိုရင် ဆန်းကြယ်ငှက်ဥကို ပြုတ်ပြီး ချီကျင့်ကြံရေးအဆင့် ၈ကို ကျော်ဖြတ်နိုင်တော့မှာလေ၊ အဝတ်အစားသွားလဲလိုက်အုံးမယ်၊ မကြာခင် ဧည့်သည်တစ်ယောက် လာလိမ့်မယ်"
ပိုင်ယွင်ရှီက စိတ်ရှုပ်ထွေးစွာ မေးလိုက်ပြီး "ဧည့်သည်လား၊ ဘယ်သူလဲ"
"ပြန်လာတဲ့ လမ်းမှာတုန်းက ဂျော့ရှ်ဖုန်းဆက်တယ်လေ၊ သူ့အကိုကြီးက သေတော့မှာမို့ သူ့ကို ကုသပေးနိုင်မယ့် ဆရာဝန်တစ်ယောက်နဲ့ မိတ်ဆက်ခိုင်းနေတာ၊ ငါက ဆရာဝန်ပါဆိုပြီး သူ့ကို ပြန်ပြောလိုက်တော့ သူ့အကိုကြီးကို ကုသပေးဖို့ တောင်းဆိုခဲ့တယ်လေ" ယဲဖန်က ပြောလိုက်၏။
ပိုင်ယွင်ရှီက ပြုံးလိုက်ပြီး "မင်း ဂျော့ရှ်ဆီက ဘယ်လောက်တောင်းခဲ့လဲ"
ယဲဖန်က ကျေနပ်ရောင့်ရဲစွာ ပြုံးလိုက်ပြီး "၁ ဘီလီယံ"
ပိုင်ယွင်ရှီက စိတ်ရှုပ်ထွေးသွားပြီး "အဲ့ဒီလူက သဘောတူလို့လား"
ယဲဖန်က ခေါင်းငြိမ့်လိုက်ပြီး "တူတယ်၊ ဒါပေမဲ့ သူက သူ့မိသားစုဆီကနေ နှင်ထုတ်ခံထားရတာမို့ သူ့ပိုင်ဆိုင်မှုအများစုက ဆိုင်းငံ့ခံထားရတယ်လို့ ပြောတယ်၊ စရန်ငွေအဖြစ် ၁၀၀ မီလီယံအရင်ပေးထားမယ်၊ သူ့အကိုကြီးကို ကုသနိုင်ခဲ့မယ်ဆိုရင် သူ့အကိုကြီးက ကျန် ၉၀၀ မီလီယံကို ပေးလိမ့်မယ်တဲ့၊ သူ့အကိုကြီးက အရမ်းအရမ်းချမ်းသာတာတဲ့"
ပိုင်ယွင်ရှီက အံ့သြစွာ ပြောလိုက်လေသည် "သူတို့ညီအစ်ကိုတွေက တကယ့်ကို ဆက်ဆံရေးကောင်းမွန်ကြတာပဲ"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...