Unicode
ထို့နောက် ယဲဖန်သည် ဆေးရုံခန်းထဲသို့ ပိုင်ယွင်ရှီနောက်မှလိုက်သွားခဲ့လေသည်။ ယဲဖန်ကို မြင်တော့ ပိုင်မိုမိုက ပျော်ရွှင်သွားလေသည် "ဦးဦး, ဦးဦးရဲ့ ကျောက်စိမ်းဆွဲသီးအတွက် ကျေးဇူးတင်ပါတယ်နော်။ အဲ့ဒါက သမီးရဲ့အသက်ကို ကယ်တင်ပေးခဲ့တာ"
ကျန်းရွမ်က ယဲဖန်အား သံသယဖြင့် ကြည့်လိုက်လေသည် "မင်းက ကျောက်စိမ်းဆွဲသီးကို လုပ်တတ်တယ်လား"
ယဲဖန်က ခေါင်းငြိမ့်ကာ "သေချာတာပေါ့"
ကျန်းရွမ်မျက်လုံးထဲတွင် အနည်းငယ်ထူးဆန်းမှုများ ပေါ်လာလေသည်။ နဂါးကျားတောင်တွင် မှော်လက်နက်များသန့်စင်နည်းကို သိတဲ့ဆရာသခင်အနည်းငယ်သာရှိပေမဲ့ ထိုသူတို့က သူတို့၏ဆရာဘိုးဘေးများပင် ဖြစ်သည်။ ယဲဖန်က ပိုင်မိုမိုအတွက် ကျောက်စိမ်းဆွဲသီးလုပ်ပေးထားတဲ့တစ်ယောက်မှန်း တကယ်ကို မထင်ထားခဲ့ပေ။
ကျန်းရွမ် ပထမဆုံးရောက်လာတုန်းက ထိုကျောက်စိမ်းဆွဲသီးကို မြင်တော့ စိတ်ရှုပ်ထွေးသွားခဲ့သေးသည်။ ပိုင်မိုမိုလည်ပင်းရှိကျောက်စိမ်းဆွဲသီးက အရည်အသွေးညံ့ဖျင်းနေပေမဲ့ ထိုအထဲ၌ ဝိညာဥ်ရေးအလင်းတန်းများရှိနေပြီး လုံးဝသာမန်တစ်ခုမဖြစ်နိုင်ပေ။
ထိုအချိန်တုန်းက ကျန်းရွမ်သည် ဆီတွေစွန်းနေသောစက္ကူပေါ်၌ နာမည်ကြီးပန်းချီဆရာတစ်ဦး၏ ပန်းချီကားအား တွေ့လိုက်ရသလို ခံစားမိလေသည်။ ၎င်းက ယင်ကောင်အား စားမိသလို ခံစားချက်မျိုးပင် ဖြစ်သည်။
သူက ယဲဖန်ကို ထူးဆန်းစွာ ကြည့်ရင်း မေးလာလေ၏ "မင်းက မှော်လက်နက်တွေကို သန့်စင်နိုင်တာလား"
ယဲဖန်က ခေါင်းငြိမ့်ကာ "ဟုတ်တယ်။ ဒီလိုမျိုး ကျောက်စိမ်းဆွဲသီးတွေကို ပြုလုပ်ရတာက မခက်ခဲပါဘူး"
ကျန်းရွမ်၏နှုတ်ခမ်းထောင့်များ တွန့်သွားလေသည်။ ယဲဖန်က တကယ်ကိုတစ်ခုခုမှန်း ခံစားရပေမဲ့ အဲ့ဒါက ဘာမှန်း မပြောတတ်ပေ။ အဲ့ဒါကို ပြုလုပ်ရတာက လွယ်သည်ဖြစ်စေ၊ ခက်သည်ဖြစ်စေ တစ်ဖက်လူက သူ့ထက် ပိုစွမ်းဆောင်နိုင်လေသည်။ ထိုအရာက ကျန်းရွမ်အား အနည်းငယ် ဝမ်းနည်းသွားစေ၏။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...