အခန်း (၁၉၃)

1.8K 207 5
                                        

Unicode

ယဲဖန်သည် ​နေ့တိုင်း ဆိုင်ထဲတွင် ​နေခဲ့သည်။ ရက်အနည်းငယ် ကြာပြီး​နောက် လင်းမိုသည် မီးလျှံငါးအမြု​တေဖြင့် ​ရောက်လာခဲ့သည်။

ယဲဖန်သည် သူ့အား အမြင်သစ်ဖြင့် မကြည့်ဘဲ မ​နေနိုင်​တော့​ပေ။

"အထင်ကြီး​လောက်စရာပါပဲ၊ မင်း မီးလျှံငါးအမြု​တေကို မြန်မြန်ရလာတာပဲ" ယဲဖန်သည် အံ့သြသွားခဲ့သည်။

လင်းမိုက ​ခေါင်းငြိမ့်ပြလိုက်ပြီး "​မြှောက်ပင့်​နေပါပြီ၊ အဂ္ဂိရတ်ဆရာယဲ အခု မင်းလိုအပ်​နေတဲ့ အမြု​တေလဲ ရလာပြီဆို​တော့ အခုစတင်လို့ ရပြီလား"

"ဒါ​ပေါ့"

လင်းမိုက ဝမ်းသာ​ပျော်ရွှင်စွာဖြင့် "​ဒါဆို ကျေးဇူးတင်ပါတယ်၊ ဒါနဲ့​လေ အဲ့​ဆေးလုံးက ငါ့ကို တကယ်ပဲ ကုသနိုင်တာလား"

ယဲဖန်သည် သူ့အား ​လှမ်းကြည့်လိုက်ပြီး "မင်း ငါ့ကို မယုံဘူးလား"

လင်းမို "ငါယုံပါတယ်"

ယဲဖန် "ဒါဆို ငါ အထဲသွားလိုက်အုံးမယ်"

မီးပြင်းဖိုထဲတွင် ချင်းယန်​ဆေးလုံး ၁၂​လုံးကို ​အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ ယဲဖန်သည် လင်းမိုကို နှစ်လုံးပဲ ​ပေးလိုက်ပြီး ကျန်တာကို သူ့အတွက် သိမ်းထားခဲ့​လေသည်။ လင်းမိုသည် တစ်လုံး​သောက်ကြည့်လိုက်ပြီး အကျိုးရှိမှန်း သိသွားတာ​ကြောင့် သူသည် ​ရေခဲGanoderma Lucidum​ဖြင့် အလျင်အမြန် ​ပေး​ချေခဲ့​သည်။ ဒါ​ပေမဲ့ ယဲဖန်သည် ၎င်းကို ယူဖို့ ရှက်ရွံ​နေမိတာ​ကြောင့် သူသည် လင်းမိုကို စိတ်ဝိညာဥ်​ကျောက်တုံး သုံး​သောင်း ​ပေးအပ်လိုက်သည်။

လင်းမိုသည် သူ့​ရေခဲGanoderma Lucidum​ကို ​စျေးကြီးကြီး​ရောင်းချရသည့် အ​ကြောင်းအရင်းက သူ့ခန္ဓာကိုယ်ထဲရှိ ​ရေခဲအဆိပ်ကို ဖယ်ရှားရန် အဂ္ဂိရတ်ဆရာတစ်ဦး ငှားရမ်းဖို့ စိတ်ဝိညာဥ်​ကျောက်တုံးများ လိုအပ်​​နေသော​ကြောင့် ဖြစ်​ပေသည်။

ယဲဖန်က သူ့ပြဿနာကို ​ဖြေရှင်း​ပေးလိုက်​တော့ သူသည် စိတ်ဝိညာဥ်​ကျောက်တုံးကို ထပ်မံမလိုအပ်​တော့​ပေ။ သို့​သော်လည်း ယဲဖန်က သူ့အား​​ ပေး​နေခဲ့တာဆို​တော့ မယူဘူး လို့ မ​ပြောနိုင်ခဲ့​ပေ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now