Unicode
ကျန်းရွမ်သည် အလွန်မြန်ဆန်ခဲ့ရာ မကြာခင်မှာပဲ ပြတိုက်ထဲရှိ ပစ္စည်းများထံမှ ခြေရာများကို တွေ့ရှိခဲ့သည်။
"သခင်လေးယဲ ငါနဲ့ ငါ့စီနီယာအကိုတို့ရဲ့ စုံစမ်းမှုအရဆို အဲ့အိမ်က ချီမြို့တော်မှာ တည်ရှိနေလိမ့်မယ်" ကျန်းရွမ်က ဆိုခဲ့သည်။
ယဲဖန်က မျက်တောင်ခတ်ကာ အံ့သြသွားလေသည် "ချီမြို့တော်လား။ စီမြို့တော်ရဲ့ ဘေးမှာ တည်ရှိတဲ့ပုံပဲ"
ကျန်းရွမ်က ခေါင်းငြိမ့်ရင်း "အတိအကျပဲ။ ငါတို့တွေ ချီမြို့တော်ကို သွားရင် စီမြို့တော်ကို ဖြတ်သွားရလိမ့်မယ်။ ငါတို့တွေ စီမြို့တော်မှာ တစ်ခဏလောက်တော့ နေလို့ရလိမ့်မယ်။ မင်းအမေရဲ့မိသားစုက ဒေသခံတွေဆိုတော့ သူတို့ကို မေးလို့ရနိုင်လောက်တယ်"
"ဒါက ပြီးပြည့်စုံချက်ပဲ။ ငါလဲ အဲ့ဒီကို သွားပြီး ငါ့ရဲ့ ဝဝကစ်ကစ်တူလေးကို စစ်ဆေးဖို့ စီစဥ်ထားတာ။ မကြာခင် ကျောင်းတွေစတော့မယ့်ပုံပဲ။ အဲ့ကောင်စုတ်လေး မကြာသေးမီက ပြဿနာတစ်ချို့များ ကြုံတွေ့နေမလားဆိုပြီး ငါတွေးပူနေခဲ့တာ" ယဲဖန်က အလေးအနက်ဆိုလာခဲ့သည်။
"ဒီအရာက အချိန်ကြာလာလေ ငါတို့အတွက် အဆင်မပြေနိုင်လေပဲ။ ငါတို့ အခုချက်ချင်းထွက်ခွာကြရင်ရော ဘယ်လိုလဲ" ကျန်းရွမ်သည် ထိုကောင်ယဲဖန်ဆီကနေ ရုတ်တရက် ထူးဆန်းသည့် စိတ်ကူးများပေါ်ထွက်လာမည်ကို ကြောက်ရွံ့သောကြောင့် အလျင်အမြန် အကြံပြုလိုက်ပေသည်။
ယဲဖန်လဲ ခေါင်းငြိမ့်ပြီး ရိုးရှင်းစွာဖြင့် "ကောင်းပြီလေ"
ကျန်းရွမ်သည် အနည်းငယ် အံ့သြသင့်သွားလေသည် "သခင်လေးယဲ မင်းက အရမ်းပွင့်လင်းလွန်းတာပဲ" ယဲဖန်သည် ဒီတစ်ကြိမ်တွင် တကယ့်ကို ပူးပေါင်းပေးနေတာကြောင့် ကျင့်သားမရဖြစ်နေခဲ့ပေသည်။
"ယွင်ရှီက ငါ့ကို ဖြစ်နိုင်သမျှ စောစောထွက်ခွာသွားဖို့ တောင်းဆိုထားခဲ့လို့လေ။ သူက ဒီနေရာမှာ နေတာ ငါ့အတွက် မကောင်းဘူးတဲ့။ တကယ်တော့ ငါ့ကို တစ်ယောက်ယောက်က ပစ်မှတ်ထားနေတာကို ငါလုံးဝမကြောက်ပါဘူး" ယဲဖန်က ရှုံတွစွာ ဆိုလာခဲ့သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...