Unicode
လဝက်ကြာ ခရီးထွက်ပြီးနောက် ပိုင်ယွင်ရှီနှင့် ယဲဖန်တို့သည် နောက်ဆုံးတွင် ပိုင်မိသားစုထံသို့ ပြန်ရောက်လာခဲ့ပေသည်။
"မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့" ပိုင်ယွင်ကျင်းသည် ပိုင်ယွင်ရှီကို မြင်မှ စိတ်သက်သာရာရသွားခဲ့ပေသည်။
ပိုင်ယွင်ကျင်းစိတ်သက်သာရာရသွားသည်ကို ကြည့်ရင်း ပိုင်ယွင်ရှီက အပြစ်ရှိစိတ်ဖြင့် ပြောလိုက်လေသည် "အကိုကြီး အရာအားလုံးအဆင်ပြေရဲ့လား"
ပိုင်ယွင်ကျင်းသည် အသက်ပြင်းပြင်းရှုလိုက်ပြီး "ပြေပါတယ်၊ ငါ နေ့တိုင်း လူတွေအများကြီးကို ကိုင်တွယ်ဖြေရှင်းရရုံလေးပါပဲ၊ ဒါပေမဲ့ မကြာသေးမီက လူတွေ လာတာတော့ အရမ်းနည်းသွားပြီ"
ပိုင်ယွင်ရှီက ကိုးရိုးကားရားပြုံးလိုက်ပြီး "မင်းအတွက် တကယ့်ကို ခက်ခဲသွားမှာပဲ"
အပြုံးလေးဖြင့် ပိုင်ယွင်ကျင်းက သူ့လက်အားဝှေ့ယမ်းလိုက်ပြီး "ဒါက ဘာမှမဖြစ်ပါဘူး"
"အိုး သခင်လေးယွင်ရှီ မင်းပြန်လာပြီပေါ့" ဂျော့ရှ်သည် ပိုင်ယွင်ရှီကို မြင်တော့ အရမ်းစိတ်လှုပ်ရှားနေခဲ့ပေသည်။
"မစ္စတာဂျော့ရှ် ဒီကို ဘယ်လိုလုပ်ပြီးရောက်လာရတာလဲ" ပိုင်ယွင်ရှီက မေးလိုက်သည်။
ဂျော့ရှ်က ဝမ်းသာအားရဖြင့် "ငါ့အဖေက ငါ့ကို ခွင့်လွတ်ပေးလိုက်ပြီလေ၊ သူက မြို့တော်မှာ စတင်ဖို့အတွက် ၁ဘီလီယံပေးခဲ့တယ်၊ ငါ ဒီမှာ သခင်လေးယွင်ကျင်းနဲ့ ပူးပေါင်းရေးကိစ္စပြောနေခဲ့တာလေ"
"၁ဘီလီယံ" ယဲဖန်သည် လော်လီပေါ့ငုံထားရင်း စိတ်ဝင်တစားဖြင့် လျှောက်လာခဲ့သည်။
ထို့နောက် သူ့ကိုယ်သူ တွေးနေမိလေသည် 'ဒီလိုအဖေမျိုးရှိတာ အရမ်းကောင်းတာပဲ၊ ၁ဘီလီယံကို ပေးလိုက်တာက ၁မီလီယံအတိုင်းပါပဲ'
"ဂျော့ရှ် မင်းမှာ ရင်းနှီးမြှုပ်နှံဖို့ အစီအစဥ်ရှိတာလား" ယဲဖန်က မေးလိုက်၏။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...