Unicode
ယဲဖန်သည် ဝူဟောက်ချန် ကို ထန်ယုံကျင်း၏ဗီလာသို့ ခေါ်ဆောင်သွားသည်။ သူ့ဗီလာသည် မြေကွက်ပေါင်းမူတစ်ထောင်လောက်ရှိကာ အထဲတွင် ရေတံခွန်များနှင့် ပန်းများ ပွင့်လန်းနေကြသည်။ (TN :: မူ -> တရုတ်အတိုင်းအတာတစ်မျိုး)
ဝူဟောက်ချန်သည် ကျောက်ခင်းလမ်းပေါ်တွင် ခုန်ပေါက်နေပြီး ယဲဖန်ဘက် လှည့်ကာ "ဦးလေးဖန် ဒီအိမ်က ကျွန်တော်တို့အိမ်ထက် ဆယ်ဆလောက် ပိုကြီးတယ်"
ယဲဖန်က ပြောသည် "ဟုတ်တယ်။ ဒီမှာ ငါတို့တွေ အရသာရှိတာ အများကြီးစားလို့ရပြီ"
ထန်ယုံကျင်း "....."
ထို့နောက် သူသည် ယဲဖန်တို့ကို စုဆောင်းခန်းထဲ ခေါ်ဆောင်သွားခဲ့သည်။ ထိုအခန်းထဲတွင် ပုဆိန်များ၊ ကြွေထည်များနှင့် သုံးချောင်းထောက်ကြေးအိုးများ အစရှိသည့် အရာမျိုးစုံဖြင့် ပြည့်နှက်နေသည်။
ကျိုးကျင်းကျီသည် ထိုအခန်းထဲရှိ တောက်ပနေသည့် စုဆောင်းပစ္စည်းများကို ကြည့်ပြီး ထန်ယုံကျင်းကို ပြုံးကာ "လောင်ထန် မင်းမှာ တကယ်ကို ပစ္စည်းကောင်းတွေအများကြီးရှိတာပဲ။ ယဲဖန်ကို ကျေးဇူးတင်ရမယ်။ ဒီလိုမှမဟုတ်ရင် ငါ့မျက်လုံးနဲ့ ကြည့်ရဖို့ အခွင့်အရေးမရှိလောက်ဘူးလို့တောင် ထင်တယ်"
ထန်ယုံကျင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "မင်းက ငါ့ကို မြှောက်ပင့်နေပြန်ပြီ။ ကြုံရာကျပန်း စုဆောင်းမှုလေးတွေပဲဆိုတာ မင်းသိပါတယ်"
"ဦးလေးဖန် ဒီမှာ အမှိုက်တွေအများကြီးပဲ" ဝူဟောက်ချန်က ဆိုသည်။
ကျိုးကျင်းကျီ "....." အရူးပဲ
ယဲဖန်သည် ဝူဟောက်ချန်ကို တစ်ချက်ကြည့်လိုက်ရင်း သူ့ခေါင်းကို ပွတ်သပ်ကာ "မင်း ဘာပေါက်ကရစကားတွေ လျှောက်ပြောနေတာလဲ။ ကောင်းကောင်းနေစမ်း" ယဲဖန်၏အကြည့်က စင်ပေါ်မှပစ္စည်းများကို တစ်ခုပြီးတစ်ခု လိုက်ကြည့်နေသည်။ သူက သူ့မေးကို ထိရင်း "ဒီမှာ အမှိုက်တွေအများကြီးရှိပေမဲ့ ပစ္စည်းကောင်းတွေတော့ ရှိပါသေးတယ်"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...