Unicode
ယဲဖန်သည် ရှေးဟောင်းကိုယ်ခံပညာကျင့်ကြံသူကို ကြည့်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် "ငါက ဘာလို့သေရမှာလဲ။ ငါက အရမ်းအစွမ်းထက်တာ။ မင်းတို့ကောင်တွေအားလုံး သေသွားရင်တောင် ငါက မသေနိုင်ဘူးကွ"
"ဟမ့် ပစ်ကြစမ်း"
ယဲဖန်သည် ထိုနေရာ၌ တစ်ခဏမျှအေးခဲသွားခဲ့သည်။ သူသည် အစက သူတို့သုံးဦးလုံးက သူ့အား တိုက်ခိုက်လာမည်ဟုသာ ထင်ခဲ့ပေမဲ့ သူတို့က ဒီလိုသာမာန်နည်းလမ်းမျိုးကိုသာ အသုံးပြုလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ပေ။
ယဲဖန်ဆီသို့ ကျည်ဆံဒါဇင်နှင့်ချီပြီး ပျံသန်းလာခဲ့သည်။ ယဲဖန်သည် ရွှေခေါင်းလောင်းဒိုင်းကို အသုံးပြုခဲ့ပြီးနောက် ကျည်ဆံများသည် မမြင်နိုင်သည့်နံရံအား ထိမှန်သွားသကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ဂျက်သည် ထိုထူးဆန်းသည့်မြင်ကွင်းအားမြင်တော့ သူ့နှလုံးသားသည် တင်းကျပ်သွားလေသည်။ မျိုးဗီဇပြောင်းစစ်သည်တို့ဟာ အဖွဲ့အစည်း၏ နောက်ဆုံးပေါ် အစွမ်းများဖြစ်သည်။ ဂျက်သည် လက်တစ်ချက်ဝှေ့ယမ်းလိုက်တာနှင့် ဒါဇင်ပေါင်းများစွာလူများက လောင်ကျွမ်းသေဆုံးသွားခဲ့ရသည့် အဖွဲ့အစည်း၏နံပါတ်တစ် ဆရာသခင်ကို တွေ့ခဲ့ဖူးလေသည်။ ဒါပေမဲ့ ထိုဆရာသခင်က သေမျိုးတစ်ဦးဖြစ်နေသေးတုန်းပင်။ ဒါကြောင့် သူဟာ သေနတ်လိုအရာမျိုးကြောင့် ထိခိုက်ဒဏ်ရာရနိုင်သေးတုန်းပင် ဖြစ်လေသည်။
"အတူတူလုပ်ကြရအောင်" ဂျက်က အော်လိုက်၏။
ထို့နောက် ရှေးဟောင်းကိုယ်ခံပညာကျင့်ကြံသူနှစ်ဦးက ယဲဖန်ကို တိုက်ခိုက်လာခဲ့ကြသည်။ ယဲဖန်သည် ထိုနှစ်ဦး၌ ကြီးကျယ်လောက်သည့်စွမ်းအားမျိုးရှိကြောင်း ရှာတွေ့သွားခဲ့သည်။ သူသာ ချီကျင့်ကြံခြင်းစတုတ္ထအဆင့်သို့သာ မတိုးမြှင့်ထားခဲ့လျှင် သူသည် ထိုအရာကို ခံနိုင်ရည်စွမ်းအားမရှိနိုင်လောက်တော့ပေ။
ရှေးဟောင်းကိုယ်ခံပညာကျင့်ကြံသူနှစ်ဦးထဲမှ ပျော့ပျောင်းသည့် ကြာပွတ်ကို အသုံးပြုသည့်တစ်ယောက်က အတော်လေး အစွမ်းထက်လှသည်။ သူ့ကြာပွတ်သည် အပျိုစင်တို့၏သွေးထဲ၌ နစ်မြှုပ်ထားခဲ့တာကြောင့် ပြင်းထန်သည့် ယင်ချီဓါတ်များရှိနေကြောင်း ယဲဖန်က ရှာတွေ့သွားခဲ့သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Macera"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...