Unicode
ယဲဖန်သည် ဆိုဖာပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်ကာ ခြေထောက်ကို ချိတ်ထားခဲ့၏။
"မင်း ရုပ်ရည်အတွက် ကူဆရာကြီးတစ်ဦးကို ရှာတွေ့ခဲ့တယ်။ ပြီးတော့ အမိန်နာခံမှုဆရာသခင်ကိုရောပေါ့။ ဒီအသိုင်းအဝန်းမှာက အရာတစ်ခုအတွက်နဲ့ ဆရာသခင်နှစ်ယောက်ကို ဘယ်တော့မှ မနှောင့်ယှက်ရဘူးဆိုတာ စည်းမျဥ်းရှိတာ မင်းလဲ သိပါတယ်။ လူတွေကို စော်ကားဖို့က အရမ်းလွယ်လွန်းတယ်" ယဲဖန်သည် နေကြာစေ့စားရင်း ပျင်းရိစွာ ပြောလာခဲ့၏။
လျန်ရောက်(ထ်)က အံကြိတ်လိုက်ပြီး "ကျွန်မလဲ သိပါတယ်၊ ဒါပေမဲ့ ကျွန်မမှာ ရွေးချယ်စရာမှ မရှိတာ။ အဲ့ဒီကူဆရာကြီးက အရမ်းစျေးကြီးတာကို"
လျန်ရောက်(ထ်)နှင့် လျန်ရှင်းတို့ညီအစ်မနှစ်ယောက်စလုံးက ကလပ်တစ်ခုတွင် အလုပ်လုပ်ခဲ့ကြသည်။ တစ်ယောက်က လူချမ်းသာသူဌေးကြီးတစ်ဦးနှင့် လက်ထပ်ချင်ခဲ့ပြီး တစ်ခြားတစ်ဦးကတော့ အနုပညာရှင်ကြယ်ပွင့်ကြီးတစ်ဦး ဖြစ်ချင်ခဲ့ပေသည်။ သူတို့ အသက် ၃၀ရောက်လာသည့်အထိ သူတို့ထံတွင် မည်သည်အရာမှ မဖြစ်မြောက်ခဲ့သေးပေ။
တစ်နေ့တွင် ကူဆရာကြီးတစ်ဦးက သူတို့အား တွေ့ရှိခဲ့ပြီး သူတို့အိမ်မက်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း ပြောလာခဲ့၏။
သူက သူတို့အား ငယ်ရွယ်နုပျိုစေသည့် ကူကောင်တစ်စုံကို ပေးလာခဲ့ပြီး သူတို့ရုပ်ရည်များအား အသက် ၂၀အရွယ်တွင် ပြန်လည်စတင်ဖို့ ကူညီပေးခဲ့သည်။
သူမတို့၏ ငယ်ရွယ်နုပျိုပြီး လှပသောမျက်နှာနှင့် ထိုမကောင်းသောနေရာများမှ သင်ယူခဲ့ရသည့် နည်းလမ်းများဖြင့် မကြာခင်မှာပဲ အစ်မဖြစ်သူက ချမ်းသာသောလူတစ်ဦးနှင့် ချိတ်ဆက်မိခဲ့ပြီး ညီမဖြစ်သူကလည်း သူမဆန္ဒအတိုင်း အနုပညာအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်သွားခဲ့သည်။
ညီအစ်မနှစ်ဦးစလုံးက ကူဆရာကြီးကို အလွန်ကျေးဇူးတင်ခဲ့ကြသော်လည်း ကိစ္စများက ထိုမျှလောက်မရိုးရှင်းခဲ့ပေ။
ထိုလူက ကူကောင်များကို အစာများကျွေးရန်လိုအပ်ကြောင်း သူတို့အား ပြောပြခဲ့သည်။ အစာမကျွေးဘူးဆိုလျှင် သူတို့၏အကျိုးသက်ရောက်မှုက အားနည်းလာပြီး မကြာခင်မှာပဲ သူတို့ရုပ်ရည်များကပါ အိုမင်းလာပေလိမ့်မည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...