Unicode
ယဲဖန်သည် သူလိုအပ်သည့်ဆေးဝါးများရရှိပြီးနောက် သူသည် တံခါးပေါ်တွင် 'အထဲတွင် သော့ခတ်ပိတ်ထားသည်' ဟူသော ဘုတ်ပြားကို ချိတ်ဆွဲပြီးနောက် ဖွဲ့စည်းမှုပုံစံတစ်ခု တည်ဆောက်လိုက်သည်။ တစ်ယောက်ယောက်က အထဲသို့ အတင်းဝင်ရောက်လာမည်ဆို ဖွဲ့စည်းမှုပုံစံက တိုက်ခိုက်လိမ့်မည်။ အရာရာပြင်ဆင်ပြီးနောက် ယဲဖန်သည် ပြန်လည်သန့်စင်ခြင်းကို စတင်ပြုလုပ်ခဲ့သည်။
ထိုအချိန်အတွင်း ယဲမိသားစုနှင့် လျောက်မိသားစုအပါအဝင် လူတော်တော်များများက သူ့ကို ရှာရန် ရောက်လာသည်ကို ယဲဖန်သည် ဘာမှမသိခဲ့ပေ။
.......
ယဲမိသားစု၌
ဝမ်ရှောက်ဖေးသည် ယဲကျီကျဲကို ကြည့်ရင်း "အားကျဲ နင်နဲ့လျောက်တင်းတင်းတို့ တစ်ခုခု ဖြစ်နေတာလား။ လျောက်မိသားစုက စေ့စပ်ပွဲကို ဘာကြောင့်နောက်ဆုတ်လိုက်ရတာလဲ"
ယဲကျီကျဲသည် အံ့ကြိတ်ရင်း "ကျွန်တော်လည်း သေချာမသိဘူး"
ဝမ်ရှောက်ဖေးသည် သူ့ကို စိုက်ပဲကြည့်နေပြီး ဘာပြောရမှန်းမသိတော့ပေ။
ယဲဟုန်ဝမ်ကို ဝူယင်းထံမှာ ခိုးယူလိုက်ခြင်းက ဝမ်ရှောက်ဖေးအတွက် အမြဲတမ်း ဂုဏ်ယူစရာကောင်းသောအရာဖြစ်လေသည်။ လူအများက သူမကို ထိုအရာကြောင့် အထင်အမြင်သေးခံနေရကာ သူမအား တတိယလူဟု ထင်ကြပေမဲ့ သူမစိတ်ထဲတွင်တော့ ဘယ်တော့မှ အလေးအနက်မထားခဲ့ချေ။
ဝမ်ရှောက်ဖေးသည် ဝူယင်းက မိသားစုကြီးမှ လာပြီး လှပသောမျက်နှာရှိပေမဲ့ မိန်းမ မဆန်သောကြောင့် အလွန်အထင်သေးလေသည်။
ယဲဟုန်ဝမ်သည် ဝမ်ရှောက်ဖေးကို သူ့ပထမဇနီးအဖြစ် အသိအမှတ်ပြုပြီးနောက် သူမသည် လှည့်စားမှုများသိပ်မလုပ်ရသေးပေမဲ့ ယဲဟုန်ဝမ်သည် ယဲဖန်အား မုန်တီးနေခဲ့လေပြီ။ ဝမ်ရှောက်ဖေးကို အံ့သြစေသည်က လူတော်တော်များများသည် မကြာသေးခင်က သူမရှေ့တွင် ယဲဖန်အားဖော်ပြခဲ့ခြင်းပင် ဖြစ်သည်။ ယဲဖန်သည် အံ့သြစရာကောင်းကာ သူဌေးကြီးများနှင့်သိကြောင်း ပြောလာခဲ့သည်။ တစ်ယောက်ယောက်က ပြောလျှင်တော့ အဆင်ပြေသေးသည်။ ဒါပေမဲ့ လူတော်တော်များများက ပြောသောကြောင့် သူ့မအား အနည်းငယ်ထိတ်လန့်သွားစေခဲ့သည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...