အခန်း (၁၈၁)

366 101 5
                                    

Unicode

ယဲဖန်သည် ဂိတ်တံခါး​ရှေ့တွင် ကားကိုရပ်လိုက်ပြီး သူ့စိတ်ထဲ မ​ကောင်းသည့် ခံစားချက်များ ရ​နေခဲ့သည်။

အလုပ်သမား​တော်​တော်များများက ကြီးမား​သော ငါးကန်ကြီးကို သူ့ဗီလာသို့ ဦးတည်ကာ သယ်​နေကြ၏။

"ခဏ​နေပါအုံး၊ မင်းတို့​တွေ ဒါကို ဘယ်​နေရာကို ပို့မလို့လဲ" ပိုင်ယွင်ရှီသည် ကား​ပေါ်က ဆင်းပြီး ​မေးလိုက်၏။

"အ​ဆောက်အဦးနံပါတ် ၁၈​ လေ" သူတို့ထဲက တစ်​ယောက်က ​ပြောလိုက်၏။

"နံပါတ် ၁၈ လား"

"ဟုတ်ပါတယ်"

ယဲဖန်သည် ပိုင်ယွင်ရှီဘက် လှည့်ပြီး ရှင်းပြလိုက်၏ "ငါ မှာထားတာ မဟုတ်ဘူး​နော်"

ပိုင်ယွင်ရှီက ​ခေါင်းငြိမ့်ပြလိုက်ပြီး "ငါ သိပါတယ်၊ အရင်ဆုံး သွားပြီး ကြည့်ကြရ​အောင်"

ယဲဖန် အထဲဝင်လာပြီး မကြာခင်မှာပဲ သူ့ဗီလာသည် ​နေရာတိုင်းတွင် ငါးကန်များဖြင့် အ​တော်​လေး ​ပြောင်းလဲသွားတာကို ​တွေ့လိုက်ရ​သည်။ ဒုတိယထပ်ရှိ နံရံတစ်ဖက်ခြမ်းကို ဖြိုချလိုက်ပြီး မိသားစု ရုပ်ရှင်ရုံအ​သေးစား​လေးတစ်ခုအဖြစ် တည်​ဆောက်ထားခဲ့သည်။

ယဲဖန်သည် မျက်​မှောင်ကြုတ်ပြီး မ​ပျော်မရွှင်ဖြင့် "အရှင်လိပ် ဘာ​တွေဖြစ်ကုန်တာလဲ"

လိပ်နက် "ငါ  ပြုပြင်မွမ်းမံ​ပေးဖို့ ​တောင်းဆိုခဲ့တာ​လေ"

ယဲဖန်သည် မျက်​မှောင်ကြုတ်လိုက်၏။ သူသည် ဒီဗီလာကို ၃ မီလီယံဖြင့် ဝယ်ယူခဲ့ရတာကို ဒီ​ကောင်က သူ့ခွင့်ပြုချက်မရှိဘဲ ဘယ်လိုလုပ်ပြီး ​ပြောင်းလဲပစ်နိုင်ရတာလဲ

ယဲဖန် "မင်း လုပ်ထားတာ​တွေကို ကြည့်လိုက်အုံး၊ ငါတို့က ဘယ်မှာ သွားအိပ်ရမှာတုန်း"

လိပ်နက်က အထင်​သေးသလိုဖြင့် "စိတ်မပူပါနဲ့၊ မင်းကူး​ပြောင်း​ရေးအစီအရင် ပြုပြင်ပြီးတာနဲ့ ဒီမှာ ထပ်ပြီး ​နေစရာမလို​တော့ဘူး​လေ၊ ငါ​တောင် မညည်းညူရ​​သေးဘူး၊ မင်းက အရင်လာညည်းညူပြ​နေတယ်၊ ဒါနဲ့ မင်း ဒီခရီးမှာ တစ်ခုခု ရှာ​တွေ့ခဲ့​သေးလား"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now