Unicode
ယဲဖန်သည် ဟိုတယ်ခန်းထဲတွင် ခေါက်ဆွဲခြောက်စားနေစဥ် အခန်းတံခါး ပွင့်လာခဲ့သည်။
"အဖိုးရှောက် ဒီကို ဘာလာလုပ်တာလဲ" ဒါက ပိုင်ယွင်ရှီ၏အဖိုးရှောက်ချီ ဖြစ်သည်။ ယဲဖန်သည် ပိုင်ယွင်ရှီ၏မျက်နှာအတွက် သူ့ကို လေးစားမှု ပြသသင့်သည်ဟု ခံစားရသောကြောင့် ဖော်ရွေစွာ ပြုံးပြခဲ့သည်။
ရှောက်ချီသည် ဝင်လာသည်နှင့် အရူးတစ်ယောက်လို ပြုံးနေသည့် ယဲဖန်ကို တွေ့လိုက်ရသည် "မင်းယွင်ရှီကို တကယ်လိုက်ချင်တာလား"
ယဲဖန်သည် ခေါင်းငြိမ့်ကာ ပြောလိုက်သည် "ဟုတ်တယ်။ ကျွန်တော် သူ့ကို ပထမဆုံးစတွေ့ကတည်းက သဘောကျခဲ့တာ"
"သူ့ကို ကြိုက်နေတဲ့ လူတွေအများကြီးပဲ ရှိတယ်"
"ကျွန်တော် သူတို့ကို ကောင်းကောင်းအနိုင်ယူပြီး ပေါ်လွင်နေလိမ့်မယ်"
ရှောက်ချီ "....."
"မင်းသိပါတယ် ယွင်ချီရဲ့ခန္ဓာကိုယ် အခြေအနေက မကောင်းဘူး။ ဒီနေ့ မင်း တာအိုဆရာကြီးကျန်းကို ရောင်းလိုက်တဲ့အဆောင်တွေက မဆိုးဘူးဆိုတာကို ငါ မြင်လိုက်တယ်။ အဲ့ဒါတွေက ယွင်ရှီရဲ့ခန္ဓာကိုယ်အတွက် ကောင်းသလားဆိုတာ ငါတွေးနေမိလို့" ရှောက်ချီသည် စိတ်ရှည်သည်းခံကာ မေးလိုက်သည်။
ယဲဖန်က ခေါင်းခါလိုက်ကာ "ယွင်ရှီမှာ ခန္ဓာကိုယ်ပြဿနာရှိနေတာ။ အဆောင်တွေက အလုပ်လုပ်မှာ မဟုတ်ဘူး"
"ဒါဆို အဲ့ဒါကို ဘယ်လို ဖြေရှင်းရမလဲ" ထိုနှစ်က ယွင်ရှီ၏ခန္ဓာကိုယ်ကို စစ်ဆေးပေးသည့် တာအိုဆရာကြီးက ထိရောက်တဲ့ ကုသနည်းကိုသာ ရှာမတွေ့လျှင် ပိုင်ယွင်ရှီသည် အသက်သုံးဆယ် မတိုင်ခင် သေဆုံးရလိမ့်မည် ဟု ပြောခဲ့သည်။
ယဲဖန်က မျက်တောင်ခတ်ကာ "သူ ကျွန်တော်နဲ့အတူ အိပ်နေသရွေ့အဆင်ပြေသွားလိမ့်မယ်။ သူ့ယင်ဓါတ်က လေးလံနေပြီး ကျွန့်တော်ယန်ဓါတ်က သန်မာတယ်။ သူက သန့်စင်ယင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ သူသာ မိန်းမတစ်ယောက်ကို ရှာတွေ့ခဲ့ရင် ယင်ဓါတ်နဲ့ယင်ဓါတ်တွေ့ပြီး သူ့ခန္ဓာကိုယ်ကို ပိုဒုက္ခပေးလိမ့်မယ်။ ဒါပေမဲ့ သူက မိန်းမတွေပေါ် စိတ်မဝင်စားတဲ့အတွက် ဒါကို လုံးဝစိတ်ပူဖို့ မလိုအပ်တော့ဘူး။ သူက ရေခဲသဘာဝခန္ဓာကိုယ်နှင့် သန့်စင်ယင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတော့ မိန်းမတစ်ယောက်နဲ့ မအိပ်သရွေ့ အဆင်ပြေလိမ့်မယ်"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...