Unicode
စားသောက်ဆိုင်ထဲတွင်
"အခြေတည်အဆင့်လား၊ ဒီကောင်က အခြေတည်အဆင့် တက်နေတာလား" ဖျင်ဖန်ဆိုင်ကို ကြည့်ရင်း မာရွေ့သည် စိတ်ပျက်နေသောမျက်နှာထားအား ချိတ်ဆွဲထားလေသည်။
ထျန်းကန်ဂိုဏ်းထဲတွင် ပြိုင်ဆိုင်မှုများက ပြင်းထန်ကြပေသည်။ ဒုတိယမျိုးဆက် တပည့်တွေကြားထဲတွင် မာရွေ့ဟာ နာမည်ဂုဏ်သတင်းအလွန်ဆိုးရွားပေသည်။ အတွင်းစည်းတပည့်များက သူ့ကို မကြိုက်ကြပေမဲ့ သူ့ဘိုးဘေးကြောင့်သာ သူ့အား ဘယ်သူမှမစော်ကားရဲကြပေ။
မာယွမ်ဖင် ဒဏ်ရာရပြီးတော့ တံခါးပိတ်ကျင့်ကြံခဲ့ရာ မာရွေ့သည် ဂိုဏ်းထဲတွင် ခက်ခဲသော အချိန်များ ပိုင်ဆိုင်နေရတာကြောင့် ဖုန်စူစူက အစင်း၇ကြောင်းပါ ရွှေငါးအတွက် ဆုကြေးပေးမယ်လို့ဆိုသောကြောင့် ထွက်လာခဲ့ခြင်ပင်ဖြစ်သည်။
လော့ရှားမြို့သို့ ရောက်လာသောအခါ အမျိုးသမီးကျင့်ကြံသူများက သူဟာ ဂိုဏ်းကြီးတစ်ခုကနေ လာပြီး ရွှေအမြုတေအဆင့် ဘိုးဘေးတစ်ယောက်ရှိမှန်း သိထားတာကြောင့် သူတို့တွေအားလုံးက သူ့ဆီကနေ စုပ်ယူဖို့ ကြိုးစားခဲ့ကြပေသည်။
မာရွေ့သည် သူတို့၏ချိုမြိန်သော စကားလုံးများအောက်တွင် ပျော်ရွှင်နေခဲ့ရာ ဂိုဏ်းထဲရှိ စိတ်ဓါတ်ကျမှုများပါ ပျောက်ကွယ်သွားခဲ့သည်။ ဖုန်စူစူလိုအပ်သည့် ရွှေငါးကို ရရှိနိုင်ဖို့ သူသည် ပင်လယ်ထဲသွားဖို့ လူအမြောက်အများကို စုဆောင်းရာတွင် ငွေအမြောက်အများသုံးစွဲခဲ့ပေမဲ့ ဘာမှဖြစ်မလာခဲ့ပေ။ စိတ်ဝိညာဥ်ကျောက်တုံးများသာ အလဟဿကုန်ဆုံးသွားခဲ့ရသည်။
မာရွေ့သည် အနည်းငယ် စိုးရိမ်လာခဲ့သည်။ ထိုအချိန်တွင် သူ့အား တစ်စုံတစ်ယောက်က ဖျင်ဖန်ဆိုင်တွင် အဆိပ်ဖြေဆေးဖော်စပ်နည်းတစ်ခုကို ဝယ်ယူပြီး ဂိုဏ်းထဲမှာ ပြန်လည်ရောင်းချရန် အကြံပေးခဲ့သည်။
သူသည် ၎င်းက အဆင်ပြေကြောင်း တွေးမိသွားခဲ့ပြီး ဖျင်ဖန်ဆိုင်ထဲရောက်သွားတော့ သူသည် ဆုံးရှုံးမှုကြီးတစ်ခုကို ခံစားလိုက်ရသည်။ ပိုင်ယွင်ရှီနှင့် ယဲဖန်က သူ့အား မျက်နှာသာလုံးဝမပေးခဲ့ကြပေ။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Aventura"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...
